အဖွဲ့ဖော်တွေကို စတင်တွေ့ရှိခဲ့ချိန်က ခံစားချက်ကို ပြောပြလာခဲ့တဲ့ Lisa

အဖွဲ့ဖော်တွေကို စတင်တွေ့ရှိခဲ့ချိန်က ခံစားချက်ကို ပြောပြလာခဲ့တဲ့ Lisa

နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင် ထိုင်းလူမျိုးလေး Lisa ဟာ K-POP နယ်ပယ်ထဲကို ဝင်ရောက်ခဲ့ပြီး BLACKPINK ရဲ့ အဖွဲ့ဖော် ၃ ယောက်နဲ့ trainee ကာလတွေပါ ထည့်ပေါင်းလိုက်ရင် ညီအစ်မတွေလို ရင်းနှီးလာခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပါပြီ။

Lisa လို နိုင်ငံရပ်ခြားကနေ ပြောင်းရွှေ့လာခဲ့သူအတွက် အဖွဲ့ဝင်သုံးယောက်ကို စတင်တွေ့ဆုံခဲ့ချိန်မှာ သူကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို ပရိသတ်တွေထံ ဝေမျှလို့ပေးသွားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Jennie ကတော့ လေ့ကျင့်နေစဉ်အတွင်း သူမကို စတင် နှုတ်ဆက်ခဲ့တဲ့  တစ်ဦးတည်းသော အဖွဲ့ဝင်ပါ။ နှစ်ယောက်လုံးက အင်္ဂလိပ်လိုပဲ ဆက်သွယ်နေခဲ့ပြီး ဤသည်မှာလည်း သူမနဲ့  Jennie လျင်မြန်စွာ ခင်မင်ရင်းနှီးလာရတဲ့ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

Jennie ဟာ BLACKPINK အတွက် အချိန်အကြာဆုံး လေ့ကျင့်သင်ကြားထားခဲ့တဲ့  trainee ဖြစ်သလို Lisa မတိုင်မီ တစ်နှစ်အလိုမှာ YG ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ Jisoo နဲ့တွေ့တုန်းက Jisoo ဟာ အနီရောင် hoodie အကြီးကြီးဝတ်ထားတာကို အမြဲတွေ့ခဲ့ရပြီး Lisa က တစ်ခါတလေမှာ Jisoo က မပူတတ်ဘူးလားလို့ စဥ်းစားနေမိခဲ့တယ်လို့ ဆိုပါတယ်။ Jisoo က သူတို့ရဲ့ လေ့ကျင့်ချိန်တွေမှာ တိတ်တိတ်ဆိတ်ဆိတ်ပါပဲတဲ့။

Rose နဲ့ ပထမဆုံးစတွေ့တုန်းက Lisa က ဂစ်တာကိုင်ထားတဲ့ Rosé ဆိုတဲ့  မိန်းကလေးတစ်ယောက်ကို ဒီကောင်မလေးက သြစတြေးလျက ဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိခဲ့တယ်လို့ ဆိုပါတယ်။  သူမဟာ Rose နဲ့ အသက်ရွယ်တူဖြစ်တာကြောင့်လည်း သူငယ်ချင်းတွေ အလျင်အမြန်ဖြစ်လာခဲ့တယ်လို့ ဆိုပြီး အခြားအဖွဲ့ဝင်တွေထက်လည်း ပိုရင်းနှီးသလိုပါပဲ။ Lisa က Rosé ကို ဒီကောင်မလေးက Cool Kid ပဲကွဆိုပြီး သူ့ရဲ့ပထမဆုံး ခံစားချက်ကို ပြောပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *