လာမယ့် အောက်တိုဘာလမှာ Free Concert  ကျင်းပသွားဖို့ရှိတဲ့ BTS

ကမ္ဘာကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာဆိုရင် လာမယ့် အောက်တိုဘာလထဲမှာ ‘BTS <Yet To Come> in BUSAN’ ဆိုတဲ့ Concert တစ်ခုကို ဘူဆန်မြို့မှာကျင်းပသွားမှာဖြစ်ပြီး ဒီအကြောင်းကိုတော့ ဩဂုတ်လ ၂၄ ရက်နေ့ မနေ့တုန်းက BIG HIT Music ကနေ တရားဝင်အသိပေးကြေညာခဲ့ပါတယ်။

2030 Busan World Expo ဆီ လာရောက်ကြမယ့်သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဖျော်ဖြေမယ့် ယင်းပွဲအခမ်းအနားဟာဆိုရင် FREE Concert တစ်ခုဖြစ်ပြီး ပွဲပြုလုပ်မယ့်နေရာကတော့ Busan Ilgwang Special Stage မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစတိတ်နေရာမှာတော့ လူဦးရေ ၁ သိန်းအထိဝင်ရောက်ကြည့်ရှုနိုင်ပြီး Live တင်ဆက်မှုကိုလည်း လူဦးရေ ၁ သောင်းကျော်လောက် တစ်ပြိုင်တည်းကြည့်နိုင်တဲ့ Busan Port International Passenger  Terminal မှာပြသသွားမှာဖြစ်ကာ ကိုယ်တိုင်လာရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ်တွေအနေနဲ့လည်း အွန်လိုင်းကနေတစ်ဆင့် အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

BTS ဟာဆိုရင် 2030 Busan World Expo ရဲ့ သံတမန်တွေအဖြစ် တရားဝင်ခန့်အပ်ခံထားကြသူတွေဖြစ်တာကြောင့် ဒီပွဲအခမ်းအနားကို ပရိုမိုးရှင်းပြုလုပ်တဲ့ နေရာမှာ အဓိကနေရာကနေပါဝင်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ဒီပွဲကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေသာမက ကမ္ဘာတစ်ဝန်းမှ ပရိသတ်သန်းပေါင်းများစွာကလည်း စိတ်ဝင်စားမှုမြင့်တက်နေတာကိုတွေ့ရပါတယ်။

‘BTS <Yet To Come> in BUSAN’ ကိုတော့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *