Infinite Challenge ရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး လူကြိုက်အများဆုံးကိုရီးယားတီဗွီရှိုးအဖြစ်သတ်မှတ်ခံလိုက်ရတဲ့ ‘Extraordinary Attorney Woo’ 

လတ်တလောရက်ပိုင်းအတွင်းမှာမှ အောင်မြင်စွာထုတ်လွှင့်ပြသပြီးစီးသွားခဲ့တဲ့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲဟာဆိုရင် အအောင်မြင်ဆုံးတီဗွီရှိုးအစီအစဉ်တစ်ခုဖြစ်တဲ့ Infinite Challenge ရဲ့စံချိန်တွေကိုကျော်ဖြတ်ပြီးနောက်မှာတော့ ကိုရီးယားလူမျိုးတွေရဲ့ လူကြိုက်အများဆုံး TV Show အဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

Gallup Korea မှ ထုတ်ပြန်လာတဲ့ စစ်တမ်းကောက်ယူမှုရလဒ်တွေမှာဆိုရင် “Extraordinary Attorney Woo” က မဲအရေအတွက်စုစုပေါင်းရဲ့ ၁၆.၄ ရာခိုင်နှုန်းကိုရရှိခဲ့ပြီး နံပါတ် ၁ နေရာကိုယူနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီစစ်တမ်းဟာဆိုရင်တော့ ဩဂုတ်လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှ အသက် ၁၈ နှစ်နဲ့ အထက် လူအယောက် ၁၀၀၀ ဆီမှာ ကောက်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

ယခင်တုန်းကတော့ ဒီနေရာကို Infinite Challenge က မဲအရေအတွက် ၁၆ ရာခိုင်နှုန်းနဲ့ စံချိန်တင်ရယူထားခဲ့တာဖြစ်ပါတယ်။ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ ပြီးခဲ့တဲ့အပတ်တုန်းကထုတ်လွှင့်ပြသသွားခဲ့တာဖြစ်ပြီး Season 2 အဖြစ်နဲ့လည်း ဆက်လက်ရိုက်ကူးသွားဖို့ရှိကာ ယင်း Season 2 ကိုတော့ ၂၀၂၄ ခုနှစ်မှပြသမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *