သူတို့နှစ်ယောက်ကြားက ညီအစ်မဆက်ဆံရေးကို ဖွင့်ဟလာခဲ့တဲ့ Shin Min Ah နဲ့ Gong Hyo Jin

သူတို့နှစ်ယောက်ကြားက ညီအစ်မဆက်ဆံရေးကို ဖွင့်ဟလာခဲ့တဲ့ Shin Min Ah နဲ့ Gong Hyo Jin

ထိပ်တန်း မင်းသမီးတွေဖြစ်ကြတဲ့ Gong Hyo Jin နဲ့ Shin Min Ah တို့ဟာ Vogue Korea အတွက် ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြရင်း အင်တာဗျူး အစီအစဥ်မှာ သူတို့ကြားက ညီအစ်မ ဆက်ဆံရေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက Gong Hyo Jin နဲ့ Shin Min Ah တို့ဟာ ဒါရိုက်တာ Boo Ji Young ရဲ့ “Sisters on the Road” ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ယခု ပြန်လည်ပြုပြင်ထားတဲ့ ဒီရုပ်ရှင်ကို သြဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ Seoul International Women’s Film Festival မှာ ပြသခဲ့ပါပြီ။

မင်းသမီးနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောရမယ်ဆိုရင်တော့ Gong Hyo Jin အထက်တန်းကျောင်း စီနီယာဖြစ်နေချိန်မှာ Shin Min Ah က ရှစ်တန်းပဲရှိပါသေးတယ်။ Gong Hyo Jin က “Min Ah ဟာ သူ့အသက်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်ပြီး ရင့်ကျက်လာတဲ့အတွက် ငါတို့က [အရွယ်တူ] သူငယ်ချင်းတွေလို ဖြစ်လာခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

သူတို့နှစ်ယောက် ပထမဆုံးတွဲရိုက်တဲ့ ဇာတ်ကားကတော့ ၂၀၀၁ ခုနှစ်မှာ Shin Min Ah ရဲ့ ပွဲဦးထွက် ပရောဂျက်ဖြစ်တဲ့ “Volcano High” ပါ။ နောက် ၈ နှစ်အကြာမှာပဲ “Sisters on the Road” နဲ့ ပြန်ဆုံတဲ့အခါ နှစ်ယောက်စလုံးဟာ ပရောဂျက်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ နာမည်ကြီးမင်းသမီးတွေ ဖြစ်နေခဲ့ကြပါပြီ။

၂၀၀၈ ဇာတ်ကားမှာ Gong Hyo Jin နဲ့ Shin Min Ah တို့က ညီအစ်မများအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။ Gong Hyo Jin က “ကျွန်မ Min Ah နဲ့ ညီအစ်မ ဖြစ်ရတာကို အရမ်းပျော်ပါတယ်။ ဇာတ်လမ်းထဲမှာ ညီအစ်မတွေက အရမ်းကောင်းတဲ့ ဆက်ဆံရေးမရှိဘူးဆိုတော့ ဇာတ်ပို့မှာ မရင်းနှီးချင်ယောင်ဆောင်ရမလားတောင် စိုးရိမ်မိတယ်။” လို့ဆိုခဲ့ပါတယ်။

Shin Min Ah က “ဒါက ကျွန်မတို့ အတူတူ ရိုက်ကူးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အဲဒီတုန်းက အမျိုးသမီး ဒါရိုက်တာ ဇာတ်ကားအတွက် အမျိုးသမီး ဇာတ်ပို့တွေ ရှားပါးတယ်။” လို့ဆိုခဲ့ပါတယ်။

‘Sisters on the Road’ က ပြန်ထွက်တော့ တိတ်တိတ်လေး သွားကြည့်မယ်။ Min Ah ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုသူတိုင်း လက်လွတ်မခံကြဖို့ မျှော်လင့်ပါတယ်။” လို့ Gong Hyo Jin က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ထဲက ညီအစ်မတွေလိုပဲ လက်တွေ့ဘဝက သူငယ်ချင်း နှစ်ယောက်စလုံးက ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသလို နီးစပ်သူတွေ အဆိုအရ သူတို့ရဲ့ မွေးနေ့တောင်မှ တစ်ရက်ပဲ ခြားတာလို့ သိရပါတယ်။

“ကျွန်မတို့ရဲ့ လွမ်းဆွတ်ဖွယ် အမှတ်တရတွေကြောင့် ဒီဇာတ်ကားကို မကြာခင် ပြန်ကြည့်ချင်ပါတယ်” လို့ Gong Hyo Jin က ထပ်လောင်း ပြောပြခဲ့ရင်း Shin Min Ah က “ကျွန်မတို့လည်း ဇာတ်ကားသစ်ကို အတူတူရိုက်ချင်မိသေးတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published.