JYP က တရားဝင် မကြေငြာမချင်း အဖွဲ့ဝင်တွေအကုန်လုံး စာချုပ်ချုပ်ဖြစ်မှန်း မသိခဲ့ရတဲ့ TWICE

JYP က တရားဝင် မကြေငြာမချင်း အဖွဲ့ဝင်တွေအကုန်လုံး စာချုပ်ချုပ်ဖြစ်မှန်း မသိခဲ့ရတဲ့ TWICE

Kpop ရဲ့ ၇ နှစ်ကြာ ကျိန်စာများကို ကျော်ဖြတ်ပြီးနောက် တစ်ကျော့ပြန် ပြန်လည်စတင်တော့မယ့် TWICE ဟာ စာချုပ်သက်တမ်းတိုးစဉ်အတွင်း သူတို့ရဲ့ခံစားချက်များနဲ့ အနာဂတ်မျှော်မှန်းချက်များကို ဆွေးနွေးခဲ့ကြပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာ အမေရိကန်ဂီတဆုပေးပွဲ Grammys က ၁၁ ခုမြောက် မီနီအယ်လ်ဘမ် “Between 1&2” ကို ဖြန့်ချိတော့မည့် နာမည်ကြီး မိန်းကလေးအဖွဲ့ TWICE နဲ့ အင်တာဗျူးတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လမှာ JYP နဲ့ စာချုပ်သက်တမ်းတိုးမယ့် အဖွဲ့ဝင်များအားလုံးအကြောင်း သတင်းကြေညာတဲ့ အခါ TWICE က မည်သို့ခံစားခဲ့ရကြောင်းကို Grammys မှ မေးမြန်းခဲ့တာပါ။

အဲဒီအတွက် TWICE ရဲ့ခေါင်းဆောင် Jihyo က “တရားဝင်မကြေငြာခင်အထိ အဖွဲ့ဝင်အားလုံး သူတို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုးထားတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ပါဘူး။ ကျွန်မတို့ရဲ့ပရိသတ်တွေက စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်လို့ ဒီမယုံနိုင်လောက်စရာသတင်းကို ပရိသတ်တွေကို အမြန်ဆုံး မျှဝေပေးချင်ခဲ့ပါတယ်။”

သူမက “ဘယ်လိုဂီတပုံစံနဲ့ အယူအဆအသစ်တွေကို စားပွဲပေါ်တင်ဆောင်လာမလဲဆိုတာကို စူးစမ်းဖို့ စိတ်လှုပ်ရှားနေပြီး အယ်လ်ဘမ်တွေမှာ အဖွဲ့ဝင်တွေရဲ့ ဂီတပံ့ပိုးမှုတွေ တိုးလာဖို့ မျှော်လင့်နေပါတယ်။”

“TWICE အဖွဲ့ဝင် ဖြစ်ခြင်းဆိုတာဟာ တစ်သက်လုံး သူငယ်ချင်းများနဲ့ မိသားစုများ ပိုင်ဆိုင်လာခြင်းပါပဲ။ ဒီအဖွဲ့အတွက် ပိုင်ဆိုင်မှုခံစားချက်တွေက ကျွန်မတို့နဲ့အတူ ထာဝရတည်နေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီအချက်က TWICE အဖွဲ့ဝင်တွေအကုန် ONCE တို့ရဲ့ အိပ်မက်တွေကို ညီညီညွတ်ညွတ်နဲ့ ရည်ရွယ်ထားခြင်းမရှိဘဲ အသက်သွင်းနိုင်ခဲ့တာကို သက်သေပြနေပြီး အဖွဲ့ဝင် ၉ ယောက်လုံးဟာ ပရိသတ်တွေအတွက် တစ်စိတ်ထဲ၊ တစ်ဝမ်းထဲဆိုတာကို သက်သေပြခဲ့တဲ့ ချစ်စဖွယ်ဖြစ်ရပ်လေးပါပဲနော်။

TWICE ဟာ သူတို့ရဲ့ ၁၁ ခုမြောက် mini-album “Between 1&2” နဲ့ title track “Talk that Talk” ကို သြဂုတ် ၂၆ ရက်မှာ ထွက်ရှိတော့မှာပါ။ ဒီ album မှာ Jihyo က သီချင်းစာသား ရေးစပ်မှုတွေမှာ ပါဝင်ခဲ့ပြီး Dahyun နဲ့ Chaeyoung တို့ဟာ သူတို့ရဲ့ကိုယ်ပိုင်သီချင်းတွေကို ပေါင်းထည့်ထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.