အသက် ၄၇ နှစ်အရွယ်မှာ သမီးလေးနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ Choi Ji Woo

မင်းသမီး Choi Ji Woo ဟာ မကြာသေးမီက ဖျော်ဖြေရေးရှိုးတစ်ခုမှာ ပါဝင်ခဲ့ပြီး သူမရဲ့ အသက် ၅၀ ပြည့်ခါနီးအရွယ်မှာ မိခင်ဖြစ်လာခဲ့ချိန်နဲ့ သမီးလေးနဲ့ ဘဝဖြတ်သန်းပုံ ခံစားချက်အချို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အထူးသဖြင့် ဒီရှိုးမှာ မင်းသမီးက သူမရဲ့ မိခင်ဘဝအကြောင်းကို ဝေမျှတဲ့အခါ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူ့သမီးလေးကိုလည်း ပွဲမှာ ပရိသတ်တွေကို ဖော်ပြခဲ့ပါသေးတယ်။
Choi Ji Woo က သမီးလေးအကြောင်း လူတိုင်းကို ပြောပြရုံသာမက သူမနဲ့ သမီးတို့ကြားက စားသောက်မှုပုံစံကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် Choi Ji Woo က သူမဟာ မိခင်ဖြစ်ခဲ့တုန်းကနဲ့ သူ့သမီးလေး လမ်းလျှောက်တတ်ချိန်တုန်းက အရမ်းဂုဏ်ယူမိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၁၈ မှာ မင်းသမီးက သူမထက် အသက် ၉ နှစ် ငယ်ရွယ်တဲ့ ဖျော်ဖြေရေးနယ်ပယ်က မဟုတ်သူတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး ဖန်သားပြင်ထက်က အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တာပါ။
အဲ့လိုနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာတော့ သူမရဲ့ သမီးဦးလေးကို ကိုယ်ဝန်လွယ်ခဲ့ရပြီး ၂၀၂၀ ခုနှစ် မေလမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်းလည်း ကြေငြာခဲ့ပါတယ်။
ပရိသတ်တွေကတော့ အသက်ကြီးမှ ကိုယ်ဝန်လွယ်ခဲ့ရတဲ့ Choi Ji Woo ကို စိတ်ပူပေးခဲ့ကြမဲ့ မင်းသမီးကတော့ မီးဖွားရမှနေ ယနေ့ သမီးငယ်လေး အသက် ၂ နှစ် ကျော်လွန်လာခဲ့တဲ့အထိ သူမရဲ့ မိခင်ဘဝကို အကောင်းဆုံး ဖြတ်သန်းနေခဲ့တာကို Instagram က ပို့စ်တွေကို ကြည့်ရင် သိရပါလိမ့်မယ်နော်။