ပြီးခဲ့တဲ့ ၃ နှစ်လုံးမှာ စိတ်ကျရောဂါကိုခံစားနေခဲ့ရကြောင်း ဖွင့်ဟပြောပြလာတဲ့ f(x)’s Luna

နာမည်ကြီးအမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ f(x) မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Luna ဟာဆိုရင် သူမအနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ စိတ်ကျရောဂါနဲ့ ထိတ်လန့်ကြောက်ရွံ့တဲ့ရောဂါတွေကို ခံစားခဲ့ရကြောင်း အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ဖွင့်ဟပြောသွားခဲ့တာ တွေ့ရပါတယ်။

“ပြီးခဲ့တဲ့သုံးနှစ်လုံးမှာ စိတ်ကျရောဂါနဲ့ စိုးရိမ်ထိတ်လန့်တဲ့ရောဂါတွေကို ခံစားခဲ့ရတာကြောင့် စတိတ်စင်ပေါ်မှာ မတ်တပ်ရပ်နိုင်ဖို့တောင်မှ ကျွန်မအတွက် အတော်လေးခက်ခဲခဲ့ပါတယ် … ကျွန်မရဲ့မိသားစုတွေ၊ ကျွန်မကို ယုံကြည်ပြီးစောင့်နေပေးခဲ့ကြတဲ့ ပရိသတ်တွေကို စိတ်ပျက်သွားစေမှာကို ကျွန်မ ကြောက်ရွံ့နေခဲ့မိတယ် … ထပ်ပြီးမငိုချင်တော့ပေမယ့် ငိုရတာကိုလည်း မရပ်တန့်နိုင်ခဲ့ဘူး … ဒီတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မုန်းတီးဖို့ကလွဲပြီး တခြားအရာတွေကိုမတတ်နိုင်ခဲ့ဘူး”

“အရမ်းလည်းအရှုံးပေးချင်ခဲ့မိတယ် … ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုအရှိဆုံးအရာတွေကိုတောင်မှ မလုပ်နိုင်ခဲ့သလို ကျွန်မ သဘောကျတဲ့လူတွေနဲ့လည်း တွေ့ဖို့သတ္တိတွေမရှိခဲ့ဘူး … ဖုန်းသုံးပြီးစာရိုက်နေတဲ့အချိန်တွေမှာဆိုရင် ခြေတွေ၊ လက်တွေကိုတုန်နေတာပဲ … တစ်ကိုယ်တော်အဖြစ်လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်းမှာ စိတ်ဖိစီးမှုတွေကိုပိုခံစားလာရတယ် … ပိုပြီးတော့လည်းမွန်းကြပ်လာတယ်”

“ဒါပေမယ့်လည်း ကျွန်မရဲ့ မိသားစုဝင်တွေ၊ Grida Entertainment က မိသားစုတွေနဲ့ ကျွန်မရဲ့အနားမှာအမြဲရှိနေပြီး ကျွန်မ ပြန်လာမှာကိုစောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေရဲ့ကျေးဇူးကြောင့် အခုလိုမျိုး Comeback လုပ်နိုင်တာပါ … အခုချိန်မှာတော့ စိတ်ကျရောဂါက အပြီးသတ်မပျောက်ကင်းသေးပေမယ့် ကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်နေနိုင်ပါတယ် … ဒီလိုပြောရတာကိုတော့ရှက်မိပေမယ့် ကျွန်မလိုမျိုး စိတ်ကျရောဂါဆိုတာကို တစ်ယောက်တည်း အချိန်အကြာကြီးခံစားနေခဲ့ကြရတဲ့သူတွေကိုပြောချင်ပါတယ် … ပိုပြီးကောင်းမွန်တဲ့နေ့ရက်တွေရောက်လာတဲ့အချိန်ထိ တစ်ယောက်တည်းကြိတ်ခံစားမနေဘဲ အတူတူကျော်ဖြတ်သွားကြရအောင်နော်” လို့ဆိုကာ Luna က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချိန်ခဏအကြာမှာတော့ အဆိုပါစာတွေကိုဖျက်လိုက်ပြီး သူမရဲ့ Musical အသစ်အတွက် အကောင်းဆုံးကြိုးစားခဲ့ကြောင်းကိုပဲ ပြင်ဆင်ရေးသွားခဲ့တာကြောင့် ပရိသတ်တွေက သူမရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ခဲ့ကြပြီး ပို့စ်အောက်မှာလည်း စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေကို‌ပြောပေးခဲ့ကြတာ တွေ့ရပါတယ်။

Luna ဟာဆိုရင် f(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တစ်ကိုယ်တော်အဆိုတော်နဲ့ တေးဂီတပြဇာတ် သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်နဲ့ ရပ်တည်နေလျက်ရှိတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *