အစ်ကိုဖြစ်သူအတွက် လက်ဆောင်အဖြစ်ပေးလိုက်တဲ့ Jungkook ရဲ့တိုက်ခန်းတန်ဖိုးက ဝမ် ၄ ဘီလီယံအထိ မြင့်တက်နေ

BTS အဖွဲ့ဝင်ဖြစ်သူ Jungkook တစ်ယောက် ၂၀၂၀ ခုနှစ်တုန်းက သူ ပိုင်ဆိုင်ထားတဲ့တိုက်ခန်းတစ်ခန်းကို သူ့ရဲ့အစ်ကိုအရင်းဖြစ်သူ Jeon Jung Hyun အတွက် လက်ဆောင်အဖြစ်ပေးခဲ့တဲ့သတင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။

အခု ဩဂုတ်လ ၂၄ ရက်နေ့တုန်းက ‘TMI NEWS’ အစီအစဉ်ကနေတင်ဆက်ပေးခဲ့တဲ့ သတင်းဖော်ပြချက်အရဆိုရင် အဆိုပါတိုက်ခန်းရဲ့ လက်ရှိပေါက်စျေးဟာ Jungkook ဝယ်ယူခဲ့စဉ်အချိန်တုန်းကထက် ပိုမိုများပြားနေပြီလို့ သိရပါတယ်။

Jungkook က ဒီကွန်ဒိုတိုက်ခန်းကို ၂၀၁၉ ခုနှစ်တုန်းက ဝမ် ၂.၉၈ ဘီလီယံ (ကန်ဒေါ်လာ ၂.၂၃ မီလီယံ) နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယင်းတိုက်ခန်းတန်ဖိုးဟာ ဝမ် ၄ ဘီလီယံ (ကန်ဒေါ်လာ ၃ မီလီယံ) အထိရှိနေပြီဖြစ်ပါတယ်။

အဆိုပါကွန်ဒိုတိုက်ခန်းမှာဆိုရင် ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်ခန်း (၄) ခန်းနဲ့ ရေချိုးခန်း (၂) ခန်းပါဝင်ပြီး တစ်လတာထိန်းသိမ်းမှုစရိတ်ကတော့ ဝမ် ၈ သိန်းရှိတယ်လို့ ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *