အချစ်ဟာသရုပ်ရှင်ဇာတ်ကားအသစ်မှာ ဇနီးမောင်နှံတွေအဖြစ် ပါဝင်သရုပ်ဆောင်သွားကြမယ့် Kang Haneul နဲ့ Jung So Min

လတ်တလောရက်ပိုင်းအတွင်းထွက်ရှိလာတဲ့သတင်းတွေအရ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Kang Haneul နဲ့ မင်းသမီး Jung So Min တို့ဟာဆိုရင် “30 Days” လို့အမည်ရတဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ကြဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းပုံစံကတော့ တစ်ချိန်တုန်းက ချစ်ခင်ကြင်နာခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ ကွာရှင်းဖို့ပြင်ဆင်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်အကြောင်းကို ရိုက်ကူးသွားမှာဖြစ်ကာ Kang Haneul ကတော့ ကွာရှင်းခါနီးအချိန်မှာ အတိတ်မေ့သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူနေရာကနေ ပါဝင်သွားမှာဖြစ်ပါတယ်။
သူ့ရဲ့ဇာတ်ကောင်ကတော့ ငွေကြေးဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတဲ့ ရှေ့နေ Jung Yeol ဖြစ်ပြီး Jung So Min ကတော့ ချမ်းသာပြည့်စုံတဲ့မိသားစုမှ မွေးဖွားလာတဲ့ ပရိုဂျူဆာတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo