အတူတူ ထမင်းလက်စုံစားခဲ့ကြတဲ့ Jungkook, Cha Eun Woo, Jaehyun နဲ့ Bang Chan

ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ နာမည်ကြီး ကိုရီးယား Hanwoo အမဲသား BBQ စားသောက်ဆိုင်တစ်ခုက သူတို့ဆိုင်မှာ ဒိတ်ဒိတ်ကြဲ အမျိုးသား Idol လေးယောက်ဟာ အတူတူလာရောက် စားသောက်ခဲ့ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်မှာ မျှဝေလို့လာခဲ့ပါတယ်။
အဲဒီနေ့မှာပဲ Young Cheon Young Hwa လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကလည်း ထိပ်တန်း idol လေးယောက်ဖြစ်တဲ့ Jungkook, Cha Eun Woo, Jaehyun နဲ့ Bang Chan တို့ရဲ့ လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံလေးကို တင်ထားခဲ့ပါတယ်။
ဓာတ်ပုံရဲ့ caption လေးမှာတော့ စားသောက်ဆိုင်က ” လာစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ Young Cheon Young Hwa က မင်းတို့ကို အမြဲအားပေးနေမှာပါ!” လို့ ရေးသားခဲ့ပါတယ်။
ဒီသူငယ်ချင်းအုပ်စုဟာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ကြတဲ့ အမျိုးသား idol တွေ စုပေါင်းရာ သူငယ်ချင်းအုပ်စုလေးပဲဖြစ်ပြီး ထိပ်တန်း အမျိုးသား idol တွေကတော့ အတူတကွ ထမင်းလက်စုံစားကြဖို့ တစ်ယောက်နဲ့တစ်ယောက် အချိန် အမြဲပေးခဲ့ကြပုံပါပဲ။
ဒီလိုမျိုး 97 liners အကျော်အမော်တွေရဲ့ အတူတူ စားသောက်ခဲ့ကြတယ်ဆိုတဲ့ သတင်းလေးကတော့ အင်တာနက်တစ်ခွင်မှာ အလျင်အမြန် ပျံံ့နှံ့သွားခဲ့ပြီး သူတို့လို ချောမောလွန်းတဲ့ သူငယ်ချင်းလေးယောက်လုံးကို တစ်ပြိုင်နက် မြင်တွေ့ခဲ့ရတဲ့ စားသောက်ဆိုင်တွေကိုလည်း ပရိသတ်တွေက မနာလိုဖြစ်နေကြရပါပြီ။