“Extraordinary Attorney Woo” Season 2 မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် စဉ်းစားနေဆဲဖြစ်တဲ့ Park Eun Bin

အနုပညာအရရော၊ စီးပွားရေးအရပါ အောင်မြင်မှုတွေအများအပြားရရှိခဲ့တဲ့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲဟာဆိုရင် Season 2 အဖြစ် ဆက်လက်ထွက်ရှိလာဦးမယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ သိရှိထားကြပြီးဖြစ်မှာပါ။ ထုတ်လုပ်ရေးတာဝန်ရှိသူတွေဘက်ကတော့ အဆိုပါ Season 2 မှာ ပါဝင်သွားကြမယ့်သရုပ်ဆောင်တွေနဲ့ပတ်သက်လို့ အတိအကျထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် ‘Woo Young Woo’ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Eun Bin ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်တာဗျူးတစ်ခုမှာ အခုလိုမျိုးပဲဖွင့်ဟပြောသွားခဲ့တာကိုတွေ့ရပါတယ်။

“ဒီဇာတ်ကားရဲ့ ဒုတိယမြောက် Season အကြောင်းရေးထားတဲ့သတင်းတွေကို ဇာတ်သိမ်းပိုင်းမထွက်ခင်အချိန်ကမှ ကျွန်မ ဖတ်ခဲ့ရတာရှင့် … တကယ်တော့ ကျွန်မတို့ရဲ့ အနာဂတ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာက မသေချာ မရေရာဘူးလေ …ဒီဇာတ်လမ်းတွဲက ပရိသတ်တွေရဲ့ အားပေးမှုကိုရခဲ့တာဆိုတော့ ကျွန်မအနေနဲ့ဆိုရင် သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြည့်ဆည်းပေးဖို့အတွက် အရင်ကထက်ပိုပြီးအားစိုက်ပေးသွားရမှာ …”

“Woo Young Woo ဇာတ်ကောင်ကိုက ကျွန်မရဲ့နှလုံးသားထဲမှာ သိမ်းထားတာဆိုတော့ ဒီဇာတ်ကောင်ကို ပြန်ပြီးသရုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် အစကနေ ပြန်ကြိုးစားသွားရမှာ … အဲဒီတော့ ဇာတ်ကောင်ပုံစံကို ကျွန်မကိုယ်တိုင်ဖျက်ဆီးပစ်လိုက်မှာစိုးမိတယ် …. ဒါပေမယ့် ပြောခဲ့တဲ့အတိုင်းပဲ Season 2 ဖြစ်လာဖို့ဆိုတာက အချိန်တွေအကြာကြီးလိုသေးတာလေ …”

“ဒီတော့ အခုချိန်မှာ ကျွန်မအနေနဲ့ Season 2 မှာပါဝင်ဖို့အတွက်နဲ့ပတ်သက်ပြီး ဘာကိုမှအသေအချာမပြောနိုင်‌သေးပါဘူး … သရုပ်ဆောင်တွေအတွက် ဒီလိုအရာကို‌ ဆုံးဖြတ်ရတာက ခက်ခဲတယ်ဆိုတာကိုတော့ ပရိသတ်တွေသိစေချင်တယ်ရှင် … ကျွန်မအတွက်ကတော့ ဒါကိုလက်ခံဖို့အတွက် စဉ်းစားဦးမှာပါ” လို့ဆိုကာ Park Eun Bin က သူမအနေနဲ့ “Extraordinary Attorney Woo” Season 2 မှာ ပါဝင်သရုပ်ဆောင်သွားဖို့အတွက် စဉ်းစားနေဆဲဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“Extraordinary Attorney Woo” ရဲ့ ထုတ်လုပ်ရေးတာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ဒီဇာတ်လမ်းတွဲကို Season 2 အဖြစ် ဆက်လက်ရိုက်ကူးသွားမှာ သေချာကြောင်းကိုအတည်ပြုပေးထားပြီး ယင်း Season အသစ်ကိုတော့ ၂၀၂၄ ခုနှစ်ကျမှသာလျှင်ပြသသွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *