“The Return of Superman” မှာပါဝင်ခဲ့စဉ်တုန်းကအချိန်တွေကို မမှတ်မိတော့တဲ့ Choo Sarang

MBC ရဲ့ နာမည်ကျော်အစီအစဉ်တစ်ခုဖြစ်တဲ့ “The Return of Superman” မှာပါဝင်ခဲ့ဖူးတဲ့ Choo Sarang ဆိုတဲ့ ချစ်စရာကောင်းတဲ့ကလေးမလေးကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။ Choo Sarang ဟာ အဆိုပါအစီအစဉ်မှာ အသက် ၂ နှစ်မပြည့်ခင်အရွယ်ကတည်းကပါဝင်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိအချိန်အချိန်မှာတော့ သူမ ပါဝင်တင်ဆက်ခဲ့တုန်းကအချိန်တွေကို ကောင်းစွာမှတ်မိခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းကိုတော့ Sarang ရဲ့ မိခင်ဖြစ်သူ Yano Shiho က သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် အခုလိုမျိုးရေးသားဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ “တကယ်တော့ Sarang က “The Return of Superman” မှာ သူပါဝင်ခဲ့တဲ့အချိန်တွေ၊ အမှတ်တရတွေကို အခုကောင်းကောင်းမမှတ်တော့တဲ့ပုံပဲ … ဒီနေ့ည လွှင့်မယ့် The Return of Superman အပိုင်းကို ရိုက်ကူးတဲ့အချိန်တုန်းကဆိုရင် သူ့ပုံစံက နည်းနည်းစိတ်လှုပ်ရှားပြီး လန့်နေခဲ့တာ … ဘာလို့လဲဆိုတော့ The Return of Superman ရိုက်ကွင်းနဲ့ သူနဲ့က ဝေးကွာသွားခဲ့တာကြာနေပြီလေ”

“ဒီတော့ အခုတစ်ခေါက်ရိုက်ကူးရေးလုပ်ရတဲ့အချိန်မှာ သူဖြစ်ချင်တာကိုကောင်းကောင်းမဖော်ပြနိုင်တော့ သူ့အတွက်လည်း အရင်ကထက်နည်းနည်းပိုပြီး ခက်ခဲခဲ့ပါတယ် … ဒါပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုမေတ္တာတွေကိုတော့ ကျွန်မတို့မိသားစုက အများကြီးအသိအမှတ်ပြုတန်ဖိုးထားပါတယ်ရှင်” လို့ဆိုကာ Yano Shiho က သမီးဖြစ်သူ Sarang လေးအကြောင်းကို ရေးသားထားတာတွေ့ရပါတယ်။

Sarang ဟာဆိုရင် “The Return of Superman” အစီအစဉ်မှာ ဖခင်ဖြစ်သူ ဂျပန်-ကိုရီးယားကပြား လက်ဝှေ့အကျော်အမော် Choo Sung Hoon နဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကာလကြာရှည်စွာပါဝင်ခဲ့ဖူးတာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့သူဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှာမွေးဖွားခဲ့တဲ့ သူမရဲ့ အသက်ကတော့ လက်ရှိအချိန်မှာ ၁၁ နှစ်ရှိနေပြီဖြစ်ပြီး မိဘနှစ်ပါးနဲ့အတူ အမေရိကန်နိုင်ငံမှာ အခြေကျနေထိုင်လျက်ရှိနေကာ ဂျပန်နဲ့ ကိုရီးယားကိုလည်း အသွားအပြန်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

Ref : SBS Star
Nemo