HyunA နဲ့ Dawn တို့လည်း P NATION ကနေ တရားဝင် ထွက်ခွာ

နာမည်ကျော် Kpop ချစ်သူစုံတွဲ ဖြစ်တဲ့ HyunA နဲ့ Dawn တို့ဟာ PSY ရဲ့ P NATION အေဂျင်စီကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာချက်တစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

P NATION ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “HyunA နဲ့ Dawn တို့ကို စိတ်ဝင်စားပြီး ချစ်ခင်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း အလေးအနက်ပြောလိုပါတယ်။

ကျွန်တော်တို့ HyunA နဲ့ Dawn တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပြီဆိုတာ အသိပေးလိုပါတယ်။ HyunA ၊ Dawn နဲ့ HyunA&Dawn တို့ဟာ ထူးခြားတဲ့ visuals တွေနဲ့ တင်ဆက်မှုတွေနဲ့အတူ သူတို့သာ ကိုင်တွယ်နိုင်တဲ့ ဂီတအမျိုးအစားနဲ့ P NATION ကို တောက်ပစေခဲ့သူတွေဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ အနုပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ ပြင်းပြတဲ့လိုလားတောင့်တမှုနဲ့ ဝန်ထမ်းတွေအပေါ်မှာ ထားရှိတဲ့ ဂရုစိုက်မှုက လူတိုင်းအတွက် စံပြုစရာပါ။

P NATION အဖွဲ့ဝင်အားလုံးက HyunA နဲ့ Dawn တို့နဲ့အတူ အချိန်အကြာကြီး လက်တွဲအလုပ်လုပ်ခဲ့တဲ့ အမှတ်တရတွေကို အမြဲသတိရနေမှာဖြစ်ပြီး အနာဂတ်အနုပညာလုပ်ရှားမှုတွေကိုလည်း ဆက်လက် အားပေးသွားမှာ ဖြစ်ပါတယ်။

HyunA နဲ့ Dawn တို့ကို ချစ်ခင်ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားကြဖို့ တောင်းဆိုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ရေးသားထားပါတယ်။

သိပ်မကြာသေးခင်ကပဲ Jessi ဟာလည်း P NATION ကနေ ထွက်ခွာခဲ့တာကြောင့် အခုဆိုရင် P NATION ကို စတင်ခဲ့တဲ့ အမာခံအနုပညာရှင်တွေတော့ အေဂျင်စီမှာ မရှိတော့ပါဘူး။

ဘာပဲပြောပြော နောက်ဆုံးလမ်းခွဲချိန်မှာတောင် နွေးထွေးကြင်နာမှုတွေနဲ့သာ ပြည့်နှက်နေတဲ့ P NATION ရယ်ပါ။

By Soya

HyunA နဲ့ Dawn တို့လည်း P NATION ကနေ တရားဝင် ထွက်ခွာ

နာမည်ကျော် Kpop စုံတွဲ ဖြစ်တဲ့ HyunA နဲ့ Dawn တို့ဟာ PSY ရဲ့ P NATION အေဂျင်စီကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာချက်တစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

P NATION ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “HyunA နဲ့ Dawn တို့ကို စိတ်ဝင်စားပြီး ချစ်ခင်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း အလေးအနက်ပြောလိုပါတယ်။

ကျွန်တော်တို့ HyunA နဲ့ Dawn တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပြီဆိုတာ အသိပေးလိုပါတယ်။ HyunA ၊ Dawn နဲ့ HyunA&Dawn တို့ဟာ ထူးခြားတဲ့ visuals တွေနဲ့ တင်ဆက်မှုတွေနဲ့အတူ သူတို့သာ ကိုင်တွယ်နိုင်တဲ့ ဂီတအမျိုးအစားနဲ့ P NATION ကို တောက်ပစေခဲ့သူတွေဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ အနုပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ ပြင်းပြတဲ့လိုလားတောင့်တမှုနဲ့ ဝန်ထမ်းတွေအပေါ်မှာ ထားရှိတဲ့ ဂရုစိုက်မှုက လူတိုင်းအတွက် စံပြုစရာပါ။

P NATION အဖွဲ့ဝင်အားလုံးက HyunA နဲ့ Dawn တို့နဲ့အတူ အချိန်အကြာကြီး လက်တွဲအလုပ်လုပ်ခဲ့တဲ့ အမှတ်တရတွေကို အမြဲသတိရနေမှာဖြစ်ပြီး အနာဂတ်အနုပညာလုပ်ရှားမှုတွေကိုလည်း ဆက်လက် အားပေးသွားမှာ ဖြစ်ပါတယ်။

HyunA နဲ့ Dawn တို့ကို ချစ်ခင်ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားကြဖို့ တောင်းဆိုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ရေးသားထားပါတယ်။

သိပ်မကြာသေးခင်ကပဲ Jessi ဟာလည်း P NATION ကနေ ထွက်ခွာခဲ့တာကြောင့် အခုဆိုရင် P NATION ကို စတင်ခဲ့တဲ့ အမာခံအနုပညာရှင်တွေတော့ အေဂျင်စီမှာ မရှိတော့ပါဘူး။

ဘာပဲပြောပြော နောက်ဆုံးလမ်းခွဲချိန်မှာတောင် နွေးထွေးကြင်နာမှုတွေနဲ့သာ ပြည့်နှက်နေတဲ့ P NATION ရယ်ပါ။

By Soya

Leave a Reply

Your email address will not be published. Required fields are marked *

x