ကြောက်ခမန်းလိလိများပြားလွန်းတဲ့ “Pink Venom” MV ထဲမှ Jennie ကိုင်ဆောင်ထားတဲ့ ငှက်လှောင်အိမ်ရဲ့စျေးနှုန်း

နာမည်ကြီးအမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အခုတစ်ခေါက်ထွက်ရှိလာတဲ့ Comeback ဟာဆိုရင် ယခင်တုန်းကပြုလုပ်ခဲ့တဲ့ Comeback တွေထက် လူတွေရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိနေတယ်ဆိုတာ ပရိသတ်တွေကိုယ်တိုင်အသိဆုံးပဲဖြစ်မှာပါ။

ဒီလိုစိတ်ဝင်စားကြတဲ့အထဲမှာ MV ရိုက်ကူးမှုပုံစံ၊ သီချင်းစာသား၊ သံစဉ်နဲ့ အဖွဲ့ဝင်တွေရဲ့ဖက်ရှင်က အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေပါဝင်နေပြီး ဖက်ရှင်ထဲမှာမှ MV အစမှာ Jennie ကိုင်ဆောင်ထားတဲ့ ငှက်လှောင်ချိုင့်လေးရဲ့အကြောင်းကတော့ လတ်တလောလူမှုကွန်ရက်စာမျက်နှာအထက်မှာ ပျံ့နှံ့လျက်ရှိနေတာကို တွေ့ရပါတယ်။

တကယ်တော့ ဒီငှက်လှောင်ချိုင့်ဟာ တကယ့်လှောင်ချိုင့်အစစ်မဟုတ်ဘဲ Chanel အမှတ်တံဆိပ်ရဲ့ 2020 Prefall Collection မှာပါဝင်ပြသခဲ့တဲ့ ပိုက်ဆံအိတ်တစ်လုံးဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ နာမည်ကြီးဒီဇိုင်နာ Coco Chanel ရဲ့ နေအိမ်မှ ငှက်လှောင်အိမ်ကို မှီငြမ်းဖန်တီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တန်ဖိုးအားဖြင့်ကတော့ ၂၀၂၀ ခုနှစ်တုန်းက USD 20,000 သာရှိခဲ့ပေမယ့်လည်း အခု ၂၀၂၂ ခုနှစ်မှာတော့ USD 27,000 အထိရှိနေကာ VVIP ဝယ်ယူတွေကိုပဲ သီးသန့်ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *