သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲအသစ်မှာ အတူပါဝင်သရုပ်ဆောင်ဖို့အတွက် သတင်းထွက်နေတဲ့ Song Hye Kyo နဲ့ Han So Hee

ဩဂုတ်လ ၂၉ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ကိုရီးယားအနုပညာလောကရဲ့နာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Song Hye Kyo နဲ့ Han So Hee တို့ဟာဆိုရင် ‘The Price of Confession’ လို့အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ နှစ်ယောက်အတူပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်ဆိုတာပါပဲ။

ဒီသတင်းတွေကဟုတ်မှန်ကြောင်းကိုတော့ နှစ်ယောက်လုံးရဲ့ အေဂျင်စီတွေဘက်က အတည်ပြုထုတ်ပြန်ပေးထားပြီး လက်ရှိအချိန်မှာတော့ သူမတို့တွေဟာ အဆိုပါကမ်းလှမ်းလာတဲ့ ဇာတ်ညွှန်းတွေကိုရွေးချယ်စဉ်းစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

‘The Price of Confession’ ဟာဆိုရင် သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး ဒီဇာတ်ကားကိုတော့ ‘Sweet Home’, ‘Mr. Sunshine’, ‘Jirisan’ အစရှိတဲ့ ဇာတ်ကားတွေကိုရိုက်ကူးခဲ့သူ ဒါရိုက်တာ Lee Eun Bok က ပုံဖော်ဖန်တီးသွားမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *