စစ်မှုထမ်းအပြီး ပေါင်ချိန် ၁၉၀ နီးပါး ကိုယ်အလေးချိန်တက်ခဲ့ဖူးတဲ့ Lee Dong Wook
စစ်မှုထမ်းအပြီး ပေါင်ချိန် ၁၉၀ နီးပါး ကိုယ်အလေးချိန်တက်ခဲ့ဖူးတဲ့ Lee Dong Wook
မင်းသားချော Lee Dong Wook ဟာ အသက် ၄၀ ဝန်းကျင် ရှိနေပြီဖြစ်ပေမယ့် ကြွက်သားတွေ အကျစ်အလျစ်နဲ့ ယောက်ျားပီးသတဲ့ ချောမောခန့်ညားမှုတို့ဖြင့် ပရိတ်သတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း မင်းသားချောဟာ လက်ရှိခန္ဓာကိုယ် အနေအထားမျိုးမဖြစ်ခင် ကိုယ်အလေးချိန် အလွန်အမင်း တက်လာခဲ့တဲ့ ဖြစ်စဥ်နဲ့ ကြုံတွေ့ခဲ့ရဖူးပြီး ကိုယ်အလေးချိန် လျှော့ချဖို့အတွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်တွေကို အပြင်းအထန်လုပ်ခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်က Lee Dong Wook စစ်မှုမထမ်းခင်မှာ ကိုယ်အလေးချိန် ၁၅၄ ပေါင်သာ ရှိခဲ့ပေမယ့် စစ်မှုထမ်းပြီးနောက်မှာတော့ ကိုယ်အလေးချိန် ၁၉၀ ပေါင်နီးပါးလောက်အထိ ပေါင်ချိန် ၄၀ နီးပါး တက်လာခဲ့ပါတယ်။
သူ့ရဲ့ သိသိသာသာ တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကြောင့် Lee Dong Wook ဟာ စစ်ဝတ်စုံကိုတောင်မှ လွယ်လွယ်ကူကူ မဝတ်နိုင်ခဲ့ဘဲ သူနဲ့ရင်းနှီးခဲ့တဲ့သူတွေက သူ့ကို “Achrouk” လို့ ခေါ်တဲ့အထိ အင်္ကျီ ကြယ်သီးတပ်လို့ မရခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမဲ့လည်း မင်းသားချောကတော့ ဒီလိုဖြစ်စဥ်တွေအပြီး စစ်မှုထမ်းတာဝန်ကို အဆုံးသတ်ပြီးနောက် သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် နေ့တိုင်း ၁၀ ကီလိုမီတာ အကွာအဝေကို ပြေးခဲ့သလို လေ့ကျင့်ခန်းနဲ့ အစားအသောက်ကိုလည်း ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ခဲ့ပါတော့တယ်။
အဲဒီလိုနဲ့ နှစ်လအတွင်းမှာပဲ Lee Dong Wook က သူ့ရဲ့ခန္ဓာကိုယ်ကို တောင့်တောင့်တင်းတင်းနဲ့ ကျန်းကျန်းမာမာ ပြန်လည်တည်ဆောက်နိုင်ခဲ့သလို ကြွက်သားတွေ အကျစ်အလျစ်ကိုလည်း အချိန်တိုအတွင်းမှာ ပြန်လည်ပိုင်ဆိုင်လာခဲ့ပြီး ၂၀ ကျော် ကောင်လေးတစ်ယောက်လို ချောမောကြည့်ကောင်းနေခဲ့ပြန်ပါတယ်နော်။