ခက်ခဲကြမ်းတမ်းလှတဲ့ ငယ်ဘဝကနေ ရုန်းထွက်တောက်ပလာခဲ့သူ Kris Wu

ခက်ခဲကြမ်းတမ်းလှတဲ့ ငယ်ဘဝကနေ ရုန်းထွက်တောက်ပလာခဲ့သူ Kris Wu

၂၀၂၁ ခုနှစ်မှာတော့ အဆိုတော်-မင်းသားချော Kris Wu ဟာ အသက်မပြည့်သေးသူကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ တရားမဝင် ပါဝင်ပတ်သက်မှုတို့ဖြင့် စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

လူငယ်ကြယ်ပွင့်ဟာ အသက်အရွယ်ကောင်းမှာပဲ သူ့ရဲ့ အနာဂတ်နဲ့ ဂုဏ်သတင်းတို့ဟဟ ယခုအချိန်မှာ ပြီးဆုံးပျက်စီးလုနီးပါး ဖြစ်နေပြီလို့ ဆိုနိုင်သလို ဥပဒေရဲ့ပြစ်ဒဏ်တွေမှ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် ပရိသတ်တွေကလည်း ယနေ့ထိတိုင် မျှော်လင့်နေကြဆဲပါ။

တကယ်တမ်းမှာတော့ Kris Wu ဟာ အောင်မြင်မကျော်ကြားလာခင် သူ့ရဲ့ငယ်ဘဝနဲ့ သမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ အတော်လေးကို ခက်ခဲကြမ်းတမ်းခဲ့တဲ့ ခရီးရှည်ကို ဖြတ်သန်းရုန်းထွက်ခဲ့ရတယ် ဆိုနိုင်ပါတယ်။

မိဘနှစ်ပါးက သူအသက် ၁၀ နှစ်အရွယ်မှာပဲ ကွာရှင်းခဲ့ပြီး နောက်ပိုင်းတွင် မိခင်နဲ့အတူ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ မိခင်ကလည်း သူ့သားကို နိုင်ငံရပ်ခြားမှာ လူလုံးလှဖို့အတွက် ရုန်းကန်ကြိုးစားခဲ့ရပြီး Kris Wu ဘ၀ကိုလည်း လွန်စွာ တင်းကြပ်ခဲ့ပါတယ်။

မိခင်ရဲ့ ဆန္ဒကတော့ Wu Yi Fan လေးကို ရှေ့နေ သို့မဟုတ် ဆရာဝန်ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Kris ကတော့ အနုပညာကိုပဲ စိတ်အားထက်သန်နေခဲ့တာကြောင့် တစ်နေ့မှာတော့ လေယာဉ်ပေါ်တက်တဲ့အချိန် အထိ မိခင်ကို အသိမပေးခဲ့ဘဲ ကိုရီးယားမှာ K-Pop idol အဖြစ် trainee လုပ်မယ်ဆိုပြီး တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

မိခင်ဖြစ်သူလည်း အရမ်းစိတ်ပျက်ခဲ့ပေမယ့် Kris ကိုတော့ သူ့အိပ်မက်တွေ အကောင်အထည်ဖော်စေနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကိုရီးယားကိုရောက်ပြီး ကြိုးကြိုးစားစားနဲ့ အပြင်းအထန် လေ့ကျင့်ခဲ့မှုတွေအပြီးမှာ နာမည်ကျော် EXO အဖွဲ့နဲ့အတူ ပွဲဦးထွက်ခွင့်ရရှိခဲ့ပါတော့တယ်။

Kris ဟာ အနုပညာလောကထဲမှာ နာမည်ကြီးလာခဲ့ပြီး နောက်ဆုံးမှာတော့ EXO အဖွဲ့ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်သွားခဲ့ပါတော့တယ်။

Wu Yi Fan တစ်ယောက် အောင်မြင်မှုတွေကို မပိုင်ဆိုင်သေးခင် အချိန်အထိမှာ နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်ခဲ့ရတာကတော့ မယုံနိုင်လောက်အောင်ပါပဲ။

 

ဒီလိုနဲ့ပဲ မျက်စိတစ်မှိတ်အတွင်စမှာ ပရိသတ်တွေချစ်ရတဲ့ ကောင်လေးတစ်ယောက်ဟာ မြင်ကွင်းထက်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ယနေ့ထိတိုင် သတင်းတွေလည်း သိပ်မကြားရတော့ပေမဲ့ ပရိသတ်တွေကတော့ လွမ်းဆွတ်သတိရနေပြီး အဆင်ပြေဖို့ ဆုတောင်းပေးနေကြဆဲပါ။

Leave a Reply

Your email address will not be published.