“Pink Venom” နဲ့ Billboard မှာ စံချိန်အသစ်တင်နိုင်ခဲ့တဲ့ BLACKPINK

၂ နှစ်ကြာပြီးမှ “BORN PINK” အယ်လ်ဘမ်နဲ့ Comeback လုပ်လာခဲ့တဲ့ BLACKPINK အဖွဲ့ဟာဆိုရင် လက်ရှိအချိန်မှာ သူမတို့ရဲ့ အသစ်ထွက်ရှိထားတဲ့ “Pink Venom” သီချင်းနဲ့ပတ်သက်ပြီး အောင်မြင်မှုစံချိန်တွေအမျိုးမျိုးကို ရရှိနေပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ မနေ့တုန်းကလည်း Billboard ကနေကြေညာချက်တစ်ခုထုတ်ပြန်ပေးခဲ့ပြီး အဲဒါကတော့ “Pink Venom” သီချင်းဟာ Global 200 နဲ့ Global Excl. U.S ဂီတဇယားနှစ်ခုလုံးရဲ့ထိပ်ဆုံးနေရာကိုရရှိထားတယ်ဆိုတာပါပဲ။

BLACKPINK အနေနဲ့ Global Excl. U.S ဂီတဇယားရဲ့ ပထမနေရာကိုတော့ “Lovesick Girls” သီချင်းနဲ့ရရှိခဲ့ဖူးပေမယ့်လည်း Global 200 မှာ အခုလိုမျိုးနေရာကိုရရှိတာကတော့ ဒါပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။

Luminate ဒေတာစစ်တမ်းကောက်ယူမှုရဲ့ ထုတ်ပြန်ချက်အရတော့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း ‘Pink Venom” သီချင်းကို နားထောင်ကြတဲ့အကြိမ်အရေအတွက်ဟာ ၂၁၂.၂ သန်းရှိပြီး ဒေါင်းလုဒ်ရယူမှုကတော့ အကြိမ်ရေ ၃၆၀၀၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီတစ်ပတ်တည်းမှာပဲ အမေရိကန်နိုင်ငံပြင်ပမှ နားထောင်ကြတဲ့အကြိမ်ဟာ ၁၉၈.၁ သန်းရှိပြီး ဒေါင်းလုဒ်ပြုလုပ်ကြတာကတော့ ၂၇၀၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.