“Love At First Night” ရိုက်ကွင်းမှာ Mark Prin က သူမကို “Kim” လို့ မှားယွင်းခေါ်ဆိုတတ်ကြောင်းကို ပြောပြလာတဲ့ Yaya Urassaya

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မင်းသား Mark Prin နဲ့ မင်းသမီး Yaya Urassaya တို့ဟာဆိုရင် လက်ရှိအချိန်မှာ သူတို့ရဲ့ “Love At First Night” ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးလျက်ရှိနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် Yaya ရဲ့ချစ်သူဖြစ်တဲ့ မင်းသား Nadech Kugimiya နဲ့ Mark ရဲ့ချစ်သူမင်းသမီး Kimmy Kimberley တို့ဟာဆိုရင်လည်း “Sueb Lub Mor Rabat” ဇာတ်လမ်းတွဲအသစ်ကို အတူတွဲဖက်ရိုက်ကူးလျက်ရှိနေကြတာကြောင့် လတ်တလောမှာ ပရိသတ်တွေက ဒီစုံတွဲနှစ်တွဲရဲ့ရိုက်ကွင်းပေါ်က အမှတ်တရဖြစ်ရပ်တွေအကြောင်းကို စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

ဒီအခါမှာတော့ Yaya က ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတက်ရောက်ခဲ့တဲ့ ပွဲတစ်ခုမှာ သူမတို့ရိုက်ကွင်းပေါ်ကအကြောင်းအရာတချို့ကို မျှဝေပြောပြသွားခဲ့ပါတယ်။ Yaya ရဲ့ပြောပြချက်အရတော့ Mark Prin က တစ်ခါတစ်လေမှာ သူမကို ‘Kimmy Kimberley’ ရဲ့ နာမည်နဲ့မှားယွင်းခေါ်ဆိုတတ်တယ်လို့ သိရပါတယ်။ အလားတူ သူမကလည်း သူမရဲ့ချစ်သူကို သတိရနေမိတာကြောင့် Mark ကို Nadech Kugimiya ရဲ့နာမည်နဲ့မှားယွင်းခေါ်ဝေါ်မိတယ်လို့ ဆိုပါတယ်။

Yaya Urassaya နဲ့ Kimmy Kimberley တို့နှစ်ယောက်ဟာဆိုရင် ကုမ္ပဏီတစ်ခုတည်းရဲ့လက်အောက်မှာ အလုပ်လုပ်နေကြရုံသာမက အချစ်ဆုံးသူငယ်ချင်းတွေလည်းဖြစ်ကြပြီး Mark နဲ့ Nadech တို့ဟာဆိုရင်လည်း ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးရှိကြသူတွေဖြစ်ပါတယ်။

Ref :Thai Update
Nemo

Leave a Reply

Your email address will not be published.