လက်ရှိမှာ ချစ်သူရည်းစားမရှိဘဲ တစ်ကိုယ်တည်းသမားအဖြစ် နေထိုင်ဖြတ်သန်းနေကြတဲ့ “Love Destiny” မှ သရုပ်ဆောင်များ

ထိုင်းဒရမ်မာဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေတိုင်းနီးပါး ကြည့်ရှုခဲ့ကြဖူးတဲ့ “Love Destiny” ဇာတ်လမ်းတွဲထဲမှ သရုပ်ဆောင်တွေဖြစ်တဲ့ Pope Thanawat, Bella Ranee, Punjan Prama နဲ့ Prang Kannarun တို့ဟာဆိုရင် လက်ရှိအချိန်မှာ ချစ်သူရည်းစားမရှိဘဲ တစ်ကိုယ်တည်းသမားတွေအဖြစ်နဲ့သာ နေထိုင်ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆိုရင် ခေါင်းဆောင်မင်းသားဖြစ်သူ Pope Thanawat က သူဟာ လက်ရှိအချိန်မှာ Single ဖြစ်ကြောင်းနဲ့ သူ ကြိုက်နှစ်သက်တဲ့မိန်းကလေးပုံစံမျိုးကိုလည်း တစ်ခါမှမတွေ့ခဲ့သေးဘူးလို့ဆိုကာ ဖြေကြားသွားခဲ့ဖူးပါတယ်။

ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Bella Ranee ရဲ့ အချစ်ရေးကိုတော့ ပရိသတ်တို့အားလုံးသိရှိထားကြပြီးဖြစ်မှာပါ။ Bella ဟာ ၉ နှစ်တာမျှ ချစ်ကြိုက်ခဲ့တဲ့ သူမရဲ့ ရည်းစားဟောင်းဖြစ်သူ Weir Sukollawt နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အချစ်ရေးကိုအဆုံးသတ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ရိုက်ကူးရေးအလုပ်တွေများစွာနဲ့ အချိန်ကုန်ဆုံးနေသူဖြစ်ပါတယ်။

မင်းသား Punjan Prama ကတော့ သူဟာ ဂျပန်လူမျိုး ရည်းစားဟောင်းမိန်းကလေးနဲ့ လွန်ခဲ့တဲ့ ၃ လကျော် ၄ လလောက်တုန်းက လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်မှာ ဖွင့်ဟဝန်ခံပြောခဲ့ပါတယ်။

မင်းသမီး Prang Kannarun ရဲ့အချစ်ရေးကတော့ လတ်တလောထိုင်းအနုပညာလောကမှာ နာမည်ကြီးနေတဲ့သတင်းတစ်ခုဖြစ်လို့နေတာကို တွေ့ရပါတယ်။ အကြောင်းကတော့ သူမဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့မှာ နာမည်ကြီးအဆိုတော်ဖြစ်တဲ့ ချစ်သူ Tong Pitawat ဆီကနေ လက်ထပ်ခွင့်တောင်းခံရဖူးပေမယ့်လည်း လက်ရှိအချိန်မှာတော့ ၁၀ နှစ်နီးပါးကြာမြင်ခဲ့တဲ့ သူတို့ရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပြီ ဖြစ်တာကြောင့်ပါပဲ။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *