စက်တင်ဘာလထဲမှာ ပြသသွားတော့မယ့် Channel 3 ရဲ့ ဇာတ်လမ်းတွဲသစ်များ

စက်တင်ဘာလထဲမှာ ပြသသွားတော့မယ့် Channel 3 ရဲ့ ဇာတ်လမ်းတွဲသစ်များ

ထူးချွန်တဲ့ ကြယ်ပွင့်တွေရဲ့ သရုပ်ဆောင်တွဲဖက်မှုတွေနဲ့အတူ Channel 3 ရုပ်သံလိုင်းမှာ စက်တင်ဘာလထဲ ထုတ်လွှင့်ပြသသွားတော့မယ့် ပရိသတ်ကြိုက် ဇာတ်လမ်းတွဲ ၄ ခုကို ဖော်ပြပေးသွားချင်ပါတယ်။

Sarb Sorn Ruk

စက်တင်ဘာလ ၅ ရက်နေ့ကစလို့ အပတ်စဥ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မယ့် Sarb Sorn Ruk ဇာတ်လမ်းတွဲမှာတော့ Mai Charoenpura, Krating Khunnarong နဲ့ Nychaa Nuttanicha တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Sup Tar 2550

ဝါရင့် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ken Theeradeth နဲ့ Anne Thongprasom တို့ရဲ့ ၁၂ နှစ်အကြာမှာ ပြန်လည်ဆုံစည်းခဲ့ခြင်းကြောင့် “Sup Tar 2550” ကိုတော့ ပရိသတ်အများအပြားက စောင့်မျှော်နေကြပါတယ်။

ဒီဒရာမာရဲ့ ပထမဆုံးအပိုင်းကိုတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ အပတ်စဥ် ဗုဒ္ဓယူးနဲ့ ကြာသာပတေးနေ့တိုင်းမှာ ကြည့်ရှုသွားရမှာပါ။

You Touched My Heart

နာမည်ကျော် Dj Push ကတော့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတဲ့ “You Touched My Heart” ကို မင်းသမီးချော Patricia Good နဲ့အတူ ပထမဆုံးအကြိမ် တွဲဖက်ထားခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *