အဆမတန်များပြားလွန်းနေတဲ့ BTS ရဲ့ အယ်လ်ဘမ်အသစ်စျေးနှုန်းကြောင့် ပရိသတ်တွေရဲ့ စိတ်ဆိုးဒေါသထွက်မှုကိုအပြင်းအထန်ရရှိနေတဲ့ HYBE

K-pop ဖျော်ဖြေရေးနယ်ပယ်ရဲ့ အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ HYBE ဟာဆိုရင် BTS ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ ‘Proof’ (Collector’s Edition) အတွက် ကြိုတင်မှာယူမှုကာလကို လတ်တလောရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ကြေညာပေးခဲ့ပြီး ယင်းကြေညာချက်ဟာဆိုရင်တော့ ပရိသတ်တွေတိုင်းနီးပါးကို စိတ်ဆိုးဒေါသထွက်သွားစေခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှပရိသတ်တွေအနေနဲ့ စိတ်ဆိုးဒေါသထွက်သွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ အဆိုပါအယ်လ်ဘမ်အသစ်ရဲ့စျေးနှုန်းဟာ တခြားသော အယ်လ်ဘမ်စျေးနှုန်းတွေထက် အဆပေါင်းများစွာပိုမိုများပြားနေတာကြောင့်ဖြစ်ပြီး စျေးနှုန်းဟာဆိုရင် $276 (သို့မဟုတ်) ဝမ် ၂၉၇၀၀၀ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်တွေကိုပိုက်ဆံစုချိန်မပေးဘဲ အယ်လ်ဘမ်ရောင်းချမယ့်ရက်ကို ချက်ချင်းဆိုသလိုကြေညာခဲ့ပြီး အယ်လ်ဘမ်ရောင်းချရမှုအရေအတွက်ကိုလည်း ရောင်းအားစာရင်းထဲမှာ ထည့်တွက်ခြင်းရှိမှာမဟုတ်ဘူးလို့ တစ်ပါတည်းအသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဒီအချက်တွေဟာ ပရိသတ်တွေရဲ့စိတ်ဆိုးဒေါသထွက်မှုကို ပိုမိုမြင့်တက်သွားစေခဲ့ပြီး HYBE အနေနဲ့ကတော့ လက်ရှိအချိန်မှာ အပြစ်တင်ဝေဖန်မှုတွေကို ပြင်းထန်စွာရရှိနေတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x