ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးယူသွားဖြစ်သွားမယ်လို့ ပြောကြားလာခဲ့တဲ့ Jackson Wang

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးယူသွားဖြစ်သွားမယ်လို့ ပြောကြားလာခဲ့တဲ့ Jackson Wang

K-Pop idol တွေထဲမှာ ဖော်ရွေလွန်းပြီး ချောမောတဲ့ ကြယ်ပွင့်တွေနဲ့ ပတ်သက်လာရင်တော့ GOT7 အဖွဲ့ဝင် Jackson Wang ဟာ ပရိသတ်တွေရဲ့စိတ်ကူးထဲမှာ ပထမဆုံးပေါ်လာတတ်သူလေးဖြစ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သူက အမြဲတမ်း ပြုံးပျော်ရယ်မောနေတတ်ပြီး သူ့ပတ်ဝန်းကျင်က လူတွေအတွက် ပျော်ရွှင်စရာတွေကို ဖန်တီးပေးနိုင်သူလေး ဖြစ်နေလို့ပါပဲ။

Jackson တစ်ယောက်ဟာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ၈ နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ နှလုံးသားရေးရာအရတော့ ဘယ်အမျိုးသမီးနဲ့မှ တရားဝင်ချစ်ကြိုက်တာမျိုး မတွေ့ဖူးခဲ့သေးပါဘူး။

ကောလဟာလတွေလည်း ထွက်ပေါ်လို့နေမဲ့ အနုပညာအလုပ်နဲ့ စီးပွားရေးအလုပ်တွေ အရမ်းရှုပ်နေသူဖြစ်တာမလို့ သူကြိုက်နှစ်သက်တဲ့ မိန်းကလေးမျိုးနဲ့ မတွေ့ဖြစ်သေးဘူးလို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့် မကြာသေးမီက Jackson ဟာ သူ့ရဲ့ စိတ်ကူးထဲ အမျိုးသမီး ပုံစံလေးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သလို အနာဂတ်က အိမ်ထောင်ရေး အစီအစဥ်နဲ့ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့တာမလို့ ပရိသတ်များစွာကို အံ့အားသင့်စေခဲ့ပါတော့တယ်။

သူ့ရဲ့ နှလုံးသားရေးရာနဲ့ အနာဂတ်တို့နဲ့ဆက်နွယ်ပြီး Jackson ကတော့ ပရိတ်ပရိတ်သတ်တွေကို “ကျွန်တော် အိမ်ထောင်ပြုချင်ပါတယ်။ ကျွန်တော်ထင်ထားတာထက်တောင် ပိုမြန်သွားမယ်လို့ ထင်နေမိတယ်။ အသက် ၄၀ မတိုင်ခင် ဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။” လို့ ရင်ဖွင့်လို့လာခဲ့ပါတယ်။

Jackson က “ကျွန်တော် ကလေးရရင် သူ့မျက်နှာကို အကြာကြီးကြည့်နေချင်သလို သူ့သူငယ်ချင်းလည်းဖြစ်ချင်တယ်။ သူ့ကို ဂရုစိုက်ချင်တယ်။ နောက်ဆုံးတော့ သူနဲ့အတူ အရွယ်မရောက်သေးတာတောင် ကလပ်ကိုခေါ်သွားချင်ပါတယ်လို့” ရယ်ရယ်မောမောနဲ့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *