အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခင်မှာပဲ ကြွေလွင့်ခဲ့ရတဲ့ Yoo Ju Eun

အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခင်မှာပဲ ကြွေလွင့်ခဲ့ရတဲ့ Yoo Ju Eun

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ ပရိသတ်တွေအတွက် ဝမ်းနည်းဖွယ်သတင်းတစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီသတင်းကတော့ ကိုရီးယားမင်းသမီး Yoo Ju Eun ဟာ စိတ်ကျဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက် ၂၇ နှစ်အရွယ်မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။

မင်းသမီးအား ကျန်ရစ်ခဲ့သူ သူမ မိသားစုအား ဝမ်းနည်းကြောင်းဖော်ပြထားတဲ့ စာတစ်စောင်ကိုလည်း ချန်ထားခဲ့တာကြောင့် မိသားစုဝင်တွေနဲ့ ပရိသတ်တွေအဖို့တော့ သည်းမခံနိုင်လောက်အောင် ပူဆွေး နှမြောသတဖြစ်ခဲ့ကြရပါတယ်။

တကယ်တော့ Yoo Ju Eun ရဲ့ဘဝဟာ အထူးသဖြင့် အနုပညာလောကကိုကြည့်မယ်ဆိုရင်တော့ လွယ်ကူနေခဲ့ခြင်းမရှိပါဘူး။ ငယ်ငယ်ကတည်းက မင်းသမီးတစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အမြဲကြိုးစားနေခဲ့ရသူပါ။

အဲ့လိုနဲ့ သူမဟာ TVN ရဲ့ Big Forest မှာ ပထမဆုံးပါဝင်ခွင့်ရရှိခဲ့သလို သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း Yoo Ju Eun ဟာ ၂၀၁၉ ခုနှစ်က Joseon Survival မှာ နောက်ထပ်အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ခွင့်ရခဲ့ပြီး သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကလည်း တိုးတက်လာခဲ့တာကို ပြသထားနိုင်ခဲ့ပါတယ်။

Yoo Ju Eun ဟာ ရိုက်ကူးရေးနဲ့ အဖွဲ့သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း လိုက်လျောညီထွေစွာ နေထိုင်နိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာ ဘဝမှာတော့ ပြင်းထန်တဲ့ အခက်အခဲတွေနဲ့ ဝေဒနာတွေကို ခံစားခဲ့ရရှာတယ်။

Yoo Ju Eun ဟာ သူမရဲ့စာထဲမှာ ပြောခဲ့သလိုပဲ အနုပညာအလုပ်တွေကို ချစ်မြတ်နိုးပြီး ဂုဏ်ယူနေခဲ့ရပေမယ့် ဆက်လက်ပြီး အသက်ရှင်နေဖို့ရာ အရမ်းကို ခက်ခဲနေပြီမလို့ ဘဝကို ဒီလိုမျိုးအဆုံးသတ်ဖို့ ရွေးချယ်လိုက်တယ်လို့ ဆိုနိုင်ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတစ်လက် မဖြစ်လာခင်အချိန်မှာပဲ ကြွေလွင့်ခဲ့ရရှာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *