V နဲ့ Jennie တို့ရဲ့ လတ်တလောထွက်ပေါ်နေတဲ့ပုံတွေက Edit လုပ်ထားတဲ့ပုံတွေမဟုတ်ကြောင်း ကျွမ်းကျင်သူတွေမှဖွင့်ဟ

လတ်တလော K-pop ကြိုက်နှစ်သက်သူပရိသတ်တွေရဲ့ အင်တာနက်စာမျက်နှာအထက်မှာ ပျံ့နှံ့နေပြီးစိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ သတင်းကတော့ BTS အဖွဲ့ဝင် V နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့နှစ်ယောက်ရဲ့ ဒိတ်တင်းသတင်းပါပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အခုတစ်ခါထွက်ပေါ်လာတဲ့သတင်းဟာ သတင်းဌာနတွေမှလျှို့ဝှက်ရိုက်ကူးထားတဲ့ပုံတွေနဲ့ ထွက်ပေါ်လာတာမဟုတ်ဘဲ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ အတူတူရိုက်ကူးထားတဲ့ပုံတွေဖြစ်တာကို တွေ့ရပါတယ်။

ပရိသတ်တွေကတော့ ဒီပုံတွေဟာ ကွန်ပျူတာ (သို့မဟုတ်) ဖုန်းနဲ့ပြုပြင်ထားတဲ့ပုံတွေဖြစ်တယ်လို့ ယုံကြည်ယူဆထားကြပေမယ့်လည်း ဩဂုတ်လ ၂၉ ရက်နေ့တုန်းက သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်တဲ့ YouTuber Lee Jinho ကတော့ ဒီပုံတွေနဲ့ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူတစ်ယောက်နဲ့ ဆွေးနွေးသွားခဲ့ပါတယ်။

အဆိုပါကျွမ်းကျင်သူက V နဲ့ Jennie တို့ရဲ့ထွက်ပေါ်လာတဲ့ယင်းပုံရိပ်တွေဟာ နည်းပညာအကူအညီနဲ့ပြုပြင်ထားတဲ့ပုံတွေမဟုတ်ကြောင်း၊ ပုံတွေထွက်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ကာယကံရှင်တွေအနေနဲ့ ဒီပုံတွေကို ဖုန်း (သို့မဟုတ်) Cloud မှာ သိမ်းဆည်းထားတာကြောင့် Hack ခံလိုက်ရတာဖြစ်ကြောင်းဆိုကာ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် ပုံတွေကိုစတင်ဖြန့်ဝေသူအနေနဲ့ ပုံတွေအများကြီးကိုတစ်ခါတည်းထုတ်မပြတဲ့အကြောင်းအရင်းက လူအများရဲ့အာရုံကို ဆွဲဆောင်စေလိုတဲ့အတွက်ဖြစ်တယ်လို့ ယူဆမိကြောင်းကိုလည်း ယင်းကျွမ်းကျင်သူက ကောက်ချက်ချပြောသွားခဲ့တာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *