စာအုပ်မိတ်ဆက်ပွဲမှာ အတူရှိနေခဲ့ကြတဲ့ RM နဲ့ Taeyang

BTS အဖွဲ့ဝင် RM နှင့် BIGBANG အဖွဲ့ဝင် Taeyang တို့ဟာ ချစ်စရာ နှစ်ယောက်တွဲ ဓာတ်ပုံတစ်ပုံကို အတူတကွ မျှဝေခဲ့ခြင်းဖြင့် ပရိသတ်တွေကို ရင်ခုန်စေခဲ့ပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့က RM ဟာ ဓာတ်ပုံဆရာ Mok Jungwook ဦးဆောင်တဲ့ ထုတ်ဝေရေးကုမ္ပဏီ Mok Press က ကျင်းပပြုလုပ်ခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ သူနဲ့ Taeyang တို့ရဲ့ တွဲဖက်ဓာတ်ပုံလေးကို Instagram Story မှတစ်ဆင့် ပရိသတ်တွေကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။
သူနဲ့ Taeyang က Mok Jungwook နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို RM က နှစ်ယောက်လုံးကို tag လုပ်ပြီး “Congratulations” ဆိုတဲ့ စာတန်းကို ရေးသားရင်း အခုလို IG story လေးမှာ တင်ပြလို့လာခဲ့တာပါ။
Taeyang ကလည်း သူ့ကိုယ်ပိုင် Instagram Story မှာ အလားတူ ဗီဒီယိုဖိုင်ကို RM နဲ့ Mok Jungwook တို့ကို tag တွဲရင်း တင်ထားခဲ့ပါတယ်။
RM နဲ့ Taeyang တို့ဟာ ပါတီပွဲတစ်ခုမှာ အခုလို အတူတွေ့ဆုံခဲ့ကြတာဟာ ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ အဆိုတော်နှစ်ဦးစလုံးဟာ ပြီးခဲ့တဲလကတည်းက J-Hope ရဲ့ solo album “Jack In The Box” ပါတီပွဲကိုလည်း အတူတက်ရောက်ခဲ့ဖူးကြပါတယ်။