စစ်မှုထမ်းဆောင်နေတဲ့ Jang Ki Yong ဆီကို တိတ်တိတ်လေးသွားလည်ခဲ့တယ်ဆိုတဲ့ Song Hye Kyo

လတ်တလော Sohu ဆိုတဲ့သတင်းစာတစ်စောင်ကနေ ရေးသားထုတ်ဖော်လာတဲ့သတင်းတစ်ခုကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာဆိုရင် သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်လျက်ရှိနေတဲ့ မင်းသား Jang Ki Yong ဆီကို တိတ်တဆိတ်သွားရောက်လည်ပတ်ခဲ့တယ်ဆိုတာပါပဲ။

Song Hye Kyo အနေနဲ့ အခုလိုမျိုး စစ်မှုထမ်းဆောင်နေတဲ့ Jang Ki Yong ဆီကို သွားရောက်လည်ပတ်တာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ဘဲ အခု ၂၀၂၂ ခုနှစ် အစောပိုင်းတုန်းကလည်း Jang Ki Yong က သူ့ဆီကို Song Hye Kyo က “Now, We’re Breaking Up” အဖွဲ့သားတွေနဲ့လာရောက်ခဲ့ဖူးတယ်လို့ ပြောပြခဲ့ဖူးပါတယ်။

Jang Ki Yong နဲ့ Song Hye Kyo တို့ဟာ က “Now, We’re Breaking Up” ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက် ခင်မင်ရင်းနှီးသွားခဲ့ကြတာဖြစ်ပြီး အဆိုပါဇာတ်ကားထဲမှာ သူတို့နှစ်ဦးရဲ့ လိုက်ဖက်ကြည့်ကောင်းမှုဟာဆိုရင် သူတို့ကို ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ ကောလဟာလသတင်းတွေတောင်မှ ထွက်ရှိခဲ့ဖူးတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Sohu သတင်းစာရဲ့ ထုတ်ပြန်ရေးသားမှုနဲ့ပတ်သက်လို့ နှစ်ဦးလုံးရဲ့အေဂျင်စီဘက်မှ အတည်ပြုချက်တစ်စုံတစ်ရာ ထွက်လာခြင်းမရှိသေးတာကြောင့် ဒီသတင်းကို ကောလဟာလသတင်းတစ်ခုအဖြစ်နဲ့ပဲ သတ်မှတ်ယူဆထားကြတာကို တွေ့ရပါတယ်။

Ref : Lovekpop95
Nemo

Leave a Reply

Your email address will not be published. Required fields are marked *