Single ဘ၀မှာပျော်ရွှင်နေတာကြောင့် အချစ်သစ်ရှာဖို့အတွက် အချိန်မရှိသေးဘူးဆိုတဲ့ Bella Ranee

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူ Weir Sukollawat နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုပဲ စိတ်နှစ်လုပ်ကိုင်နေခဲ့သူဖြစ်ပြီး သူမရဲ့နှလုံးသားရေးရာကိစ္စ အကြောင်းတွေကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတက်ရောက်ခဲ့တဲ့ အခမ်းအနားတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟဖြေဆိုသွားခဲ့တာကို တွေ့ရပါတယ်။
လတ်တလောကာလမှာဆိုရင် သူမဟာ Single အဖြစ်နဲ့ပဲ ဘ၀ကိုပျော်ရွှင်လွတ်လပ်စွာနေထိုင်ဖြတ်သန်းနေပြီး သူငယ်ချင်းတစ်ယောက်ကတော့ သူမကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့အတွက်ကြိုးစားခဲ့တယ်လို့ ဆိုရပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်က လက်ရှိမှာ သူငယ်ချင်းတွေကိုတောင်မှ အချိန်ပေးဖို့မရှိတာကြောင့် နောက်ထပ်အချစ်သစ်ရှာဖို့ဆိုတာက လတ်တလောမှာ သေချာပေါက်မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။
ထိုင်းအနုပညာလောကရဲ့ ကြေးအမြင့်ဆုံးသော မင်းသမီးတစ်လက်ဖြစ်တဲ့ Bella ဟာဆိုရင် လက်ရှိအချိန်မှာ Love Destiny 2 ဇာတ်လမ်းတွဲကိုရိုက်ကူးနေတာဖြစ်ပြီး နောက်ထပ်ကြော်ငြာအသစ်တွေကိုလည်း ရိုက်ကူးဖို့လက်ခံထားတာဖြစ်ပါတယ်။
Ref : Thai Update
Nemo