စစ်မှုထမ်းရမယ့်ရက်ကို အတည်ပြုခဲ့ပြီဖြစ်တဲ့ ပရိသတ်အချစ်တော် Kang Tae Oh

ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ မင်းသား Kang Tae Oh ဟာ “TikTok Stage Connect: SweeTaeOh ” ဆိုတဲ့ အွန်လိုင်း ပရိသတ်တွေ့ဆုံပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Fan Meeting အတွင်းမှာ Kang Tae Oh က သူစစ်မှုထမ်းရမယ့်ရက်နဲ့ ပတ်သက်ပြီး အသေးစိတ် ကြေငြာသွားခဲ့ပါတယ်။

Kang Tae Oh က “တစ်နေ့ကပဲ KakaoTalk က အကြောင်းကြားစာ ရခဲ့ပါတယ်။ နိုင်ငံတော်ကလည်း ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ စစ်မှုထမ်းရမယ့် ရက်စွဲကတော့ စက်တင်ဘာလ ၂၀ ရက်နေ့ပါ။ ကျွန်တော့်ရဲ့ စစ်မှုထမ်းတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်သွားပါမယ်” လို့ ပရိသတ်တွေကို အသိပေးသွားခဲ့တာပါ။

လတ်တလောမှာတော့ Kang Tae Oh ဟာ ENA ရဲ့ နာမည်ကျော် ဒရာမာ “Extraordinary Attorney Woo” မှာ ဇာတ်ဆောင် Woo Young Woo (Park Eun Bin) နှင့် ချစ်ကြိုးသွယ်ထားတဲ့ ဥပဒေကုမ္ပဏီတစ်ခုမှ လက်ထောက် Lee Jun Ho အဖြစ် သရုပ်ဆောင်ထားခဲ့မှုကြောင့် မကြာသေးမီကမှ နိုင်ငံတကာထက်မှာ ရေပန်းစားလာခဲ့သူပါ။

Kang Tae Oh ဟာ မင်းသမီး Shin Hye Sun နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “Target” ဇာတ်ကားကိုလည်း သူစစ်မှုထမ်းနေချိန်မှာ ရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *