“Youth MT” မှာ အတူတူသောက်ခဲ့ကြတဲ့ Park Bo Gum, Park Seo Joon နဲ့ Kim Yoo Jung

“Youth MT” ဟာ သူ့ရဲ့တရားဝင်ထုတ်လွှင့်မှုမတိုင်မှ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို မြှင့်တင်ပေးတဲ့အနေနဲ့ show က စိတ်ဝင်စားဖွယ်အချက်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။

TVing ရဲ့အစီအစဉ် “ Youth MT ” ကို စက်တင်ဘာ ၉ ရက်မှာ ပထမဆုံးအကြိမ် ထုတ်လွှင့်မှာဖြစ်ပြီး “Love in the Moonlight”, “Itaewon Class”, and “The Sound of Magic” တို့မှသရုပ်ဆောင်အားလုံးဟာ အစီအစဥ်ရဲ့ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ထားကြတာကြောင့် ပရိသတ်တွေအားလုံးကို ရင်ခုန်စေခဲ့တဲ့ show ဆိုလည်း မမှားပါဘူး။

“Youth MT” ကို ဘာကြောင့်ကြည့်သင့်လဲဆိုတဲ့ ဆွဲဆောင်မှုတွေကိုလည်း သရုပ်ဆောင်များကိုယ်တိုင်က  ထုတ်ဖော်ပြသခဲ့တဲ့အပြင် နာမည်ကျော် ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေကြားမှ chemistry ကိုလည်း စက္ကန့် ၆၀ ကြာ အစမ်းကြည့် ဗီဒီယိုလေးတစ်ခုနဲ့ ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

အဲဒီထဲက Park Bo Gum, Park Seo Joon နဲ့ Kim Yoo Jung တို့ရဲ့ အတူတူသောက်နေတဲ့ အခိုက်အတန့်နဲ့ အခြားသော ချစ်စဖွယ် chemistry တွေကို ပြသထားတဲ့ အခိုက်အတန့်တွေအပြင် နာမည်ကျော်တွေရဲ့ ဖျော်ဖြေရေးစွမ်းရည်နဲ့ ဂိမ်းအတူကစားချိန်တွေက နိုင်လိုစိတ်ပြင်းပြမှုတွေနဲ့ ရယ်မောဖွယ် အခိုက်အတန့်များစွာကလည်း ပရိသတ်တွေကို ထပ်မံဆွဲဆောင်ပါလိမ့်မယ်။

ဒီအတောအတွင်းမှာပဲ “Youth MT” ရဲ့ အပိုင်း ၁ နှင့် ၂ တို့ကို စက်တင်ဘာ ၉ ရက်မှစပြီး တစ်ပြိုင်နက် ထုတ်လွှင့်ပြသလာမှာဖြစ်ပြီး စုစုပေါင်း အပိုင်း (၈) ပိုင်းကိုလည်း ၇ ပတ်အတွင်းမှာ  ဖြန့်ချိသွားမယ်လို့ TVing က ကြေငြာသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *