ဖခင်လောင်းတစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်ကို ထုတ်ဖော်ပြောကြားသွားတဲ့ Hyun Bin

ဖခင်လောင်းတစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်ကို ထုတ်ဖော်ပြောကြားသွားတဲ့ Hyun Bin

ထိပ်တန်း မင်သား Hyun Bin ကတော့ စက်တင်ဘာ ၁ ရက်က Wikitree နဲ့ အင်တာဗျူးအတွက် ချစ်ဇနီးချောလေး မင်းသမီး Son Ye Jin နဲ့ လက်ထပ်ပြီးနောက် ပြောင်းလဲသွားတဲ့အရာများကို ဝေမျှသွားခဲ့ပါတယ်။

Hyun Bin ဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင် ‘Confidential Assignment’ ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ‘Confidential Assignment 2: Internation’ ဇာတ်ကားသစ်မှာ ထပ်မံပါဝင်လာခဲ့ပြီး ဒီဇာတ်ကားသစ်ဟာ Hyun Bin အနေနဲ့ မင်းသမီး Son Ye Jin နဲ့ လက်ထပ်ပြီးနောက် ထွက်ရှိလာတဲ့ ပထမဆုံးဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုများစွာကိုလည်း ရရှိခဲ့ပါတယ်။

အင်တာဗျူးသူက အိမ်ထောင်ကျပြီးနောက်ပိုင်း ဘာတွေပြောင်းလဲသွားလဲလို့မေးတဲ့အခါ Hyun Bin က “ဘာမှမတော့ သိပ်မထူးခြားပါဘူး။ ကျွန်တော် ဒီဇာတ်ကားကို အတော်လေးကြိုးစား ရိုက်ကူးထားတဲ့အတွက် လူတော်တော်များများ ခံစားကြည့်စေချင်ပါတယ်။”

“နောက်လာမယ့် ပရောဂျက်ကိုလည်း အတည်ပြုပြီးပြီမို့ ကျွန်တော် ပြင်ဆင်နေပါတယ်။ တကယ်ကို ကျွန်တော့်ရဲ့ အရှိန်အဟုန်နဲ့ (ဘဝ) ပုံစံအတိုင်း ဆက်သွားနေပါတယ်။” လို့ ဖြေကြားလာခဲ့ပါတယ်။

Hyun Bin ဟာ ဇွန်လက ချစ်ဇနီး Son Ye Jin ရဲ့ကိုယ်ဝန်ကို ကြေငြာပြီးနောက် ဖခင်တစ်ဦးဖြစ်လာမယ့်အပေါ် သူ့ရဲ့အတွေးအမြင်များကိုလည်း ဝေမျှခဲ့ပါတယ်။

မင်းသားက “ဖခင်ဖြစ်လာဖို့ကို မယုံကြည်နိုင်သေးသလို အစစ်အမှန်လို့ မခံစားရသေးဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကတော့ ကိုယ့်မျက်စိရှေ့က ကလေးလေးကို မြင်ရင်တော့ တကယ်ခံစားလာရတယ်လို့ ပြောကြတယ်။ ဒီလိုမျိုး ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော် အချစ်တွေအများကြီး ဝေမျှပေးဆပ်ဖို့ စောင့်နေပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.