ပွဲတစ်ခုက အလှတရားကြောင့် နိုင်ငံတကာထက်မှာ ရေပန်းစားသွားခဲ့တဲ့ Han So Hee

လတ်တလောမှာတော့ မင်းသမီးချော Han So Hee ရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့ပြီး ရေပန်းစားလျက်ရှိနေပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ပွဲတက်နေတုန်း ရိုက်ကူးထားတဲ့ Han So Hee ရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ Twitter မှာ အလွန်ရေပန်းစားနေခဲ့ပြီး ဗီဒီယိုထဲမှာတော့ Han So Hee က သူမကို ဓာတ်ပုံရိုက်နေတဲ့ ပရိသတ်တစ်ဦးကို ပြုံးပြပြီး လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခိုက်အတန့်ဟာ ကြည့်ရှုသူတွေကို စွဲမက်သွားစေခဲ့တာပါ။

ဒီဗီဒီယိုကို ကြည့်ရှုခဲ့တဲ့ အင်တာနက်သုံးစွဲသူတွေက “လူတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင်လှနိုင်ရတာလဲ”,“ပုံရိုက်တဲ့သူကရော အဆင်ပြေရဲ့လား” လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Han So Hee ဟာ ‘Kyungseong Creature’ ဒရာမာကို သြဂုတ်လ ၃ ရက်နေ့က ရိုက်ကူးနေစဉ်မှာပဲ မျက်လုံးဒဏ်ရာကြောင့် အရေးပေါ်ခန်းသို့ ခေါ်ဆောင်ခဲ့ရပြီးနောက် သူမရဲ့ Instagram က စိတ်ဓာတ်ကျနေတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေကို အ ထိတ်တလန့်ဖြစ်စေခဲ့တာပါ။

အေဂျင်စီကတော့ ကံကောင်းထောက်မစွာပဲ သူမရဲ့ဒဏ်ရာဟာ ခွဲစိတ်မှု မလိုအပ်ဘဲ ပြန်လည်ကောင်းမွန်လာဖို့တော့ ကုသမှုတွေ ပြုလုပ်နေရတယ်၊ သူ့မျက်လုံးတစ်ဝိုက်မှာ ဒဏ်ရာတွေရှိနေတုန်းပဲလို့ ထုတ်ပြန်သွားခဲ့တာပါ။

လက်ရှိမှာတော့ ကောင်မလေးကို လှလှပပလေးနဲ့ အပြုံးလေးတွေ ဝေဝေဆာဆာနဲ့ ပြန်မြင်ခဲ့ရတော့ ပရိသတ်တွေကလည်း ဝမ်းသာပျော်ရွှင်နေခဲ့ကြရပါတယ်။

ပွဲတစ်ခုမှာ အလှတရားကြောင့် နိုင်ငံတကာထက်မှာ ရေပန်းစားသွားခဲ့တဲ့ Han So Hee

Leave a Reply

Your email address will not be published. Required fields are marked *