Ter ကို အရမ်းချစ်နေရပါကြောင်း ထုတ်ဖော်ပြသလာခဲ့တဲ့ Davika

လွန်ခဲ့တဲ့ ငါးနှစ်တာက နာမည်ကျော် မင်းသမီးချော Mai Davika နဲ့ နာမည်ကျော် မင်းသား Ter Chantavit တို့ဟာ ချိုမြိန်တဲ့ အချစ်ရေးတစ်ခုမှာ စတင် လက်တွဲခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အချိန်ကြာလာလေ ခိုင်မြဲလာလေဖြစ်ပြီး နှစ်ဦးသားကလည်း အတူတကွ အမြဲတမ်း ပျော်ရွှင်နေခဲ့ပုံတွေကိုလည်း ပရိသတ်တွေက မကြာခဏဆိုသလို Instagram ထက်မှာ တွေ့မြင်ထားခဲ့ရတာပါ။

မကြာသေးမီကလည်း မင်းသမီးချောလေး Mai Davika က သူမရဲ့ ချစ်သူ Ter Chantavit နဲ့ အနီးကပ်တွဲဖက် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို သဘောကျ ကြည်နူးစေခဲ့ပါတယ်။

သူတို့ဓာတ်ပုံလေးရဲ့ caption မှာတော့ Mai က “ဒီလူနဲ့ တွဲနေရတာ အရမ်းကြိုက်ပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်ကို မျှဝေခဲ့ပါတယ်။ တစ်ဖက်မှာလည်း Ter က သူ့ကောင်မလေးကို ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ စကားလုံတချို့နဲ့အတူ အသည်းပုံလေးတွေကို မှတ်ချက်ပြုသွားခဲ့ပါတော့တယ်။

နှစ်ယောက်စလုံးကလည်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ပရိသတ်တွေရဲ့ အကြည်ဓာတ်လေးတွေ ဖြစ်နေကြလို့ ပရိသတ်တွေကတော့ Davika နဲ့ Ter တို့ကို လက်ထပ်ကြဖို့လည်း ဆန္ဒပြုနေကြသလို ဒီလိုမျိုး အမြဲတမ်း ကြည်ကြည်နူးနူး ဖြတ်သန်းနိုင်ကြဖို့လည်း မျှော်လင့်လို့နေကြပါတယ်နော်။

Leave a Reply

Your email address will not be published.