Yoo Joo Eun ရဲ့ နာရေးအခမ်းအနားကို တက်ရောက်လာကြသူတိုင်း ပြုံးရွှင်နေခဲ့ကြတဲ့ ကြေကွဲဆို့နင့်စရာအကြောင်းအရင်း

Joseon Survival Period ဇာတ်လမ်းတွဲထဲမှာပါဝင်ခဲ့တဲ့ မင်းသမီး Yoo Joo Eun ဟာဆိုရင် အခု ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့တုန်းက သူမကိုယ်သူမ အဆုံးစီရင်ကာ ဘ၀တစ်ပါးဆီကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး လတ်တလောအချိန်မှာတော့ သူမရဲ့ နာရေးအခမ်းအနားဆီကို တက်ရောက်လာခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ပုံစံက အများပြည်သူတွေအကြားမှာ ဟိုးတကျော်ကျော်နဲ့စိတ်ဝင်စားမှုမြင့်တက်လို့နေပါတယ်။

အွန်လိုင်းအသုံးပြုသူတွေအကြားထဲပျံ့နှံ့လျက်ရှိနေတဲ့ ယင်းပုံတွေထဲမှာဆိုရင် Korea National University of Arts မှ Yoo Joo Eun ရဲ့အတန်းဖော်မိတ်ဆွေ သူငယ်ချင်းတွေက Yoo Joo Eun ရဲ့နာရေးဓာတ်ပုံအရှေ့မှာ အဖွဲ့လိုက်မှတ်တရဓာတ်ပုံရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကူးတဲ့အခါမှာလည်း တစ်ပုံမှာက Yoo Joo Eun ရဲ့ ပုံရိပ်ကို ညွှန်ပြထားကြသလို နောက်တစ်ပုံမှာကတော့ လက်နှစ်ဖက်နဲ့ အသည်းပုံကိုယ်စီဖော်ထားကြတာကို တွေ့ရပါတယ်။

ဒီလိုမျိုးပုံရိပ်တွေထွက်ပေါ်လာချိန်မှာတော့ အွန်လိုင်းအသုံးပြုကြသူတွေအနေနဲ့ မြင်မြင်ချင်းမှာတင် အံ့ဩဘနန်းဖြစ်သွားခဲ့ကြပြီး နာရေးမှာ အခုလိုပုံတွေ ရိုက်ကူးတဲ့အကြောင်းကိုလည်း သိချင်စိတ်ပြင်းပြလာခဲကြပါတယ်။ ဒါပေမယ့်လည်း ပုံတွေကိုသေချာကြည့်လိုက်ကြတဲ့အခါမှာတော့ သူတို့တွေအားလုံးရဲ့ မျက်လုံးမှာ ငိုထားကြတဲ့ပုံစံတွေဖြစ်နေတာကိုတွေ့ခဲ့ရပြီး ဒီလိုပုံတွေရိုက်ကူးရတဲ့အကြောင်းအရင်းကလည်း ဆို့နင်ကြေကွဲစရာကောင်းနေခဲ့ပြန်ပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် အဆိုပါအတန်းဖော်တွေဟာ Yoo Joo Eun ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ ဒီလိုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ Yoo Joo Eun ရဲ့ နောက်ဆုံးဆန္ဒကတော့ သူမရဲ့နာရေးမှာ ဝမ်းနည်းပူဆွေးမှုတွေရှိမနေစေချင်ဘဲ မိတ်ဆေသူငယ်ချင်းတွေ အချင်းချင်း ဂရုစိုက် ဖေးမကြတာကိုပဲလိုချင်ကြောင်း၊ သူငယ်ချင်းတွေကိုလည်း မငိုစေလိုကြောင်းဆိုကာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Yoo Joo Eun ဟာဆိုရင် ၂၀၁၈ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီးနောက် Big Forest နဲ့ Joseon Survival Period ဇာတ်လမ်းတွဲတို့ပါ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ကွယ်လွန်ချိန်မှာတော့ သူမရဲ့အသက်က ၂၇ နှစ်အရွယ်သာရှိသေးတာဖြစ်ပါတယ်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x