Nayeon ရဲ့ ကလေးဘဝက ယျာဥ်မတော်တဆမှုရဲ့ ရင်ကွဲဖွယ်နောက်ဆက်တွဲ

TWICE အဖွဲ့ဝင် Nayeon ဟာ သူမရဲ့ ဘယ်ဘက်ခြေထောက်ကြောင့် အခက်တွေ့လေ့ရှိတာကို သေချာဂရုစိုက်မိတဲ့ ONCEs တွေကတော့ သတိထားမိကောင်း၊ ထားမိတယ် ထင်ပါတယ်။

အဲဒီလို သတိထားမိတဲ့ ပရိသတ်တစ်ယောက်က Nayeon ကို ဘယ်ဘက်ခြေထောက် ဘာလို့ အားနည်းရသလဲ မေးမြန်းခဲ့ရာမှာတော့ Nayeon ရဲ့ အဖြေက သူ့ကိုချစ်တဲ့ ပရိသတ်တွေကို ရင်ကွဲစေခဲ့ပါတယ်။

Nayeon က “ဘယ်ဘက် ခြေထောက် အားနည်းတာ မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းက ပြင်းထန်တဲ့ ကားတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက ဘယ်ဘက်ခြေထောက် ထိသွားခဲ့တာကြောင့် အခုလို ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကတော့ အခုအချိန်ထိ လမ်းလျှောက်နိုင်သေးတာပဲကို ကျေးဇူးတင်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

Nayeon ဟာ ငယ်စဉ်က အဲဒီ ကားတိုက်မှုကြောင့် ဘယ်ဘက်ခြေထောက် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး ဒီအတိုင်းဆိုရင် အဆင်ပြေတယ်လို့ ထင်ရပေမဲ့ အလိုက်မသင့်ရင် ပုံမှန်အတိုင်း ရပ်ဖို့ ခက်ခဲတာပါ။

အထူးသဖြင့် ဦးညွှတ်နှုတ်ဆက်တဲ့အခါမျိုးမှာ Nayeon ရဲ့ ဘယ်ဘက်ခြေထောက်က ပြဿနာပေါ်လေ့ရှိပြီး ဒူးက အလိုလိုနေရင်း ကွေးသွားတတ်တာကို သတိထားမိသူတွေ သိမယ် ထင်ပါတယ်။

Leave a Reply

Your email address will not be published.