Nadech ကို သွယ်ဝိုက်တဲ့နည်းနဲ့ လက်ထပ်ခွင့်တောင်းခိုင်းလိုက်တဲ့ Yaya

Yaya Urassaya ကတော့ ထိုင်းနိုင်ငံ ဖျော်ဖြေရေးလောကရဲ့ အကျော်ကြားဆုံး မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ချစ်သူဟာလည်း တန်ကြေးအမြင့်ဆုံး မင်းသား Nadech Kugimiya ဖြစ်နေတာကြောင့် သူတို့စုံတွဲလေးဟာ ပရိသတ်အများရဲ့ အချစ်တော် အနုပညာရှင် စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီစုံတွဲလေးဟာ လက်တွဲတွေခိုင်မြဲလာခဲ့တာလည်း ဆယ်စုနှစ်နီးပါး ရှိနေပြီမလို့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်လို့နေကြချိန်မှာတော့ Yaya လေးရဲ့ စကားတစ်ခွန်းကြောင့် လက်ထပ်ကြတော့မှာလားဆိုတဲ့ မေးခွန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတော့တယ်။

အကြောင်းရင်းကတော့ မကြာသေးမီက @pornpanr Instagram အကောင့်က မင်းသမီး Yaya နဲ့ သတင်းစာအင်တာဗျူးကနေ ကောက်နုတ်ထားတဲ့ စာတစ်စောင်ကို တင်ခဲ့ပါတယ်။

စာမှာတော့ Yaya က “ နော်ဝေက အဖေ့အိမ်ရဲ့ ဥယျာဉ်လေးမှာ မင်္ဂလာဝတ်စုံ ဝတ်ချင်တယ်” ဆိုပြီး ရေးသားလို့ထားခဲ့တာပါ။ မင်းသမီးချောကလည်း အခုလို လက်ထပ်မယ့် အစီအစဥ်မျိုးကို ထုတ်ဖော်ပြသတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒါဟာ သတင်းကောင်းတစ်ခုလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

တစ်ဖက်မှာလည်း မီဒီယာတွေက ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဖြေကြားခဲ့တဲ့ Yaya ရဲ့ ပြောစကားလေးက Nadech ကို လက်ထပ်ခွင့်တောင်းဖို့ သွယ်ဝိုက် အသိပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြလို့လာခဲ့ကြတာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီနော်။

Nadech ကို သွယ်ဝိုက်တဲ့နည်းနဲ့ လက်ထပ်ခွင့်တောင်းခိုင်းလိုက်တဲ့ Yaya

Yaya Urassaya ကတော့ ထိုင်းနိုင်ငံ ဖျော်ဖြေရေးလောကရဲ့ အကျော်ကြာဆုံး မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ချစ်သူဟာလည်း တန်ကြေးအမြင့်ဆုံး မင်းသား Nadech Kugimiya ဖြစ်နေတာကြောင့် သူတို့စုံတွဲလေးဟာ ပရိသတ်အများရဲ့ အချစ်တော် အနုပညာရှင် စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီစုံတွဲလေးဟာ လက်တွဲတွေခိုင်မြဲလာခဲ့တာလည်း ဆယ်စုနှစ်နီးပါး ရှိနေပြီမလို့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်လို့နေကြချိန်မှာတော့ Yaya လေးရဲ့ စကားတစ်ခွန်းကြောင့် လက်ထပ်ကြတော့မှာလားဆိုတဲ့ မေးခွန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတော့တယ်။

အကြောင်းရင်းကတော့ မကြာသေးမီက @pornpanr Instagram အကောင့်က မင်းသမီး Yaya နဲ့ သတင်းစာအင်တာဗျူးကနေ ကောက်နုတ်ထားတဲ့ စာတစ်စောင်ကို တင်ခဲ့ပါတယ်။

စာမှာတော့ Yaya က “ နော်ဝေက အဖေ့အိမ်ရဲ့ ဥယျာဉ်လေးမှာ မင်္ဂလာဝတ်စုံ ဝတ်ချင်တယ်” ဆိုပြီး ရေးသားလို့ထားခဲ့တာပါ။ မင်းသမီးချောကလည်း အခုလို လက်ထပ်မယ့် အစီအစဥ်မျိုးကို ထုတ်ဖော်ပြသတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒါဟာ သတင်းကောင်းတစ်ခုလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

တစ်ဖက်မှာလည်း မီဒီယာတွေက ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဖြေကြားခဲ့တဲ့ Yaya ရဲ့ ပြောစကားလေးက Nadech ကို လက်ထပ်ခွင့်တောင်းဖို့ သွယ်ဝိုက် အသိပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြလို့လာခဲ့ကြတာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *