အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပေမဲ့ အကျော်ကြားဆုံးသူတွေဖြစ်လာခဲ့ကြတဲ့ အနုပညာရှင်များ
အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပေမဲ့ အကျော်ကြားဆုံးသူတွေဖြစ်လာခဲ့ကြတဲ့ အနုပညာရှင်များ
အနုပညာရှင်ပဲဖြစ်ဖြစ်၊ သာမာန်လူတစ်ယောက်ပဲဖြစ်ဖြစ် လူတိုင်းမှာတော့ ကလေးဘဝ အရွယ်ကတည်းက အဖြစ်ချင်ဆုံး အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ လောကကြီးမှာ ဖြစ်ချင်တာတွေကလည်း မဖြစ်လာနိုင်သလို တစ်ခါတလေမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တာမျိုးတွေက ဘဝထဲကို ဝင်ရောက်လာတတ်ကြတာပဲ မဟုတ်ပါလား။
ဒါကြောင့် အခုဖော်ပြပေးသွားမယ့် နာမည်ကျော် အနုပညာရှင်တွေဟာ သူတို့ရဲ့ ပထမဆုံး အိပ်မက်တွေကို လက်လွှတ်ခဲ့ရပေမဲ့ တစ်ဖက်မှာ အအောင်မြင်ဆုံး အနုပညာရှင်ဆိုတဲ့ ဘဝမျိုးကို ပိုင်ဆိုင်လာခဲ့ကြသူတွေဖြစ်ပါတယ်။
Song Joong Ki
ထိပ်တန်းမင်းသား Song Joong Ki ကတော့ ရေခဲစကိတ်သမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေကို မပြည့်မြောက်နိုင်ခဲ့ပါဘူး။
Jun Ji Hyun
ထိပ်တန်းမင်းသမီး Jun Ji Hyun ကတော့ လေယာဉ်မယ်တစ်ယောက် ဖြစ်ချင်ခဲ့တာပါတဲ့။
Song Kang
မင်းသားချောလေး Song Kang ကလည်း ဗိသုကာပညာရှင် သို့မဟုတ် ပရိဘောဂ ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ စိတ်ကူးတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
Lee Min Ho
Lee Min Ho က လူမှန်းသိတတ်စ အရွယ်ကတည်းက ဘောလုံးကစားသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိခဲ့သူဖြစ်ပါတယ်။
Song Hye Kyo
နာမည်ကျော် မင်းသမီး Song Hye Kyo ကလည်း နိုင်ငံဂုဏ်ဆောင် ကြက်တောင် အားကစားမယ်တစ်ယောက် ဖြစ်ချင်ခဲ့ဖူးသူပါ။
Kim Seon Ho
မင်းသားချော Kim Seon Ho ကတော့ ဆရာဝန်ဖြစ်ဖို့ အိပ်မက်ရှိခဲ့ဖူးသူပါ။
Park Bo Gum
ဂီတပိုင်းမှာလည်း ထူးချွန်သူလေး မင်းသားချော Park Bo Gum ကတော့ အဆိုတော်နဲ့ သီချင်းရေးဆရာဖြစ်ဖို့ ရည်ရွယ်ထားခဲ့တာပါတဲ့။
Park Shin Hye
ထိပ်တန်းမင်းသမီး Park Shin Hye ကလည်း ရဲအရာရှိဖြစ်ချင်ခဲ့တာဖြစ်ပြီး အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရဖူးပါတယ်။