အခု စက်တင်ဘာလထဲမှာ စတင်ရိုက်ကူးတော့မယ့် ‘King The Land’ ဒရမ်မာဇာတ်လမ်းတွဲ

လတ်တလောရက်ပိုင်းအတွင်းမှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ 2PM အဖွဲ့ဝင် Junho နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့ပါဝင်သရုပ်ဆောင်ကြမယ့် ‘King The Land’ ဒရမ်မာဇာတ်လမ်းတွဲအသစ်ကို JTBC ကနေ ထုတ်လွှင့်ပြသသွားဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်တယ်ဆိုတာပါပဲ။

ဒီဇာတ်လမ်းတွဲကို ‘Reflection of You’ ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Im Hyun Wook က တာဝန်ယူဖန်တီးမှာ ဖြစ်ပြီး ဇာတ်ကားရိုက်ကူးရေးတွေကိုတော့ အခု စက်တင်ဘာလအကုန်ပိုင်းလောက်မှာ စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထုတ်လုပ်သူတွေကရော၊ ပရိသတ်တွေကပါ ဇာတ်ကားကို လာမယ့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ကြည့်ရှုရဖို့အတွက် မျှော်လင့်ထားကြတာကို တွေ့ရပါတယ်။

‘King The Land’ ဇာတ်လမ်းတွဲကတော့ ချစ်တတ်တဲ့နှလုံးသားကလွဲပြီး အစစအရာရာပြီးပြည့်စုံတဲ့ အမွေဆက်ခံသူ Gu Won နဲ့ တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားသူ ဟိုတယ်ဝန်ထမ်းမိန်းကလေး Cheon Sarang တို့ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးသွားမယ့် စိတ်ကူးယဉ်အချစ်ဟာသဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *