ကိုယ်ဝန်နဲ့လည်း အနုပညာအလုပ်တွေ ဆက်တိုက်ကြိုးစားလုပ်ကိုင်ခဲ့တဲ့ Honey Lee နဲ့ Son Ye Jin
ကိုယ်ဝန်နဲ့လည်း အနုပညာအလုပ်တွေ ဆက်တိုက်ကြိုးစားလုပ်ကိုင်ခဲ့တဲ့ Honey Lee နဲ့ Son Ye Jin
၂၀၂၂ ခုနှစ်ဟာ တောင်ကိုးရီးယားအနုပညာလောကမှာ အလုပ်အကြိုးစားဆုံး မင်းသမီးနှစ်ယောက်ကို မီးမောင်းထိုးပြခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။
ဒီမင်းသမီးနှစ်ယောက်ကတော့ Honey Lee နဲ့ Son Ye Jin တို့ပဲဖြစ်ပြီး သူတို့ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်နေကြတဲ့အချိန်မှာတောင် သူတို့ရင်သွေးလေးတွေရဲ့ အနာဂတ်အတွင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေခဲ့ကြတာဖြစ်ပါတယ်။
Honey Lee ဟာ ဇွန်လ ၂၀ ရက်၊ ၂၀၂၂ မှာ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး မမွေးဖွားမီ တစ်လအလိုထိ သူမဟာ အလုပ်တွေ ဆက်တိုက်လုပ်နေခဲ့ပြီး နာမည်ကျော် မဂ္ဂဇင်း “Vogue Korea” ရဲ့ မျက်နှာဖုံးမှာလည်း ကိုယ်ဝန်ရင့်မာကြီးနဲ့ သူမရဲ့အလှနဲ့ အသွင်အပြင်တို့ကို ယုံကြည်မှုအပြည့်ဖြင့် ပြသထားနိုင်ခဲ့ပါတယ်။
မင်းသမီး Son Ye Jin ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ သားဦးလေးကို ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ လွန်ခဲ့သည့် နှစ်လတာ ကာလအတွင်း သူမဟာ ကိုယ်ဝန်ရှိနေရက်နဲ့ပင် အခြားမင်းသမီးများနဲ့ တန်းတူပင် အနုပညာလောကမှာ အတက်ကြွဆုံး မင်းသမီးအဖြစ် သတ်မှတ်ခံရတဲ့အထိ မရပ်မနား အလုပ်တွေလုပ်နေခဲ့တာပါ။
လတ်တလောမှာတော့ Son Ye Jin ဟာ “LUXURY” မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးခွင့် ရရှိထားပြီး ဆွဲဆောင်မှုရှိတဲ့ မိခင်လောင်း တစ်ယောက်အနေနဲ့ သူမရဲ့ အလှကို ပြသထားခဲ့ပါတယ်။
တကယ်တော့ Honey Lee နဲ့ Son Ye Jin တို့ဟာ ကိုယ်ဝန်ဆောင်ချိန်မှာတောင် အခုလို ကြိုးစားလုပ်ဆောင်ခဲ့မှုအတွက် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။
ကိုယ်ဝန်ရှိနေပေမယ့်လည်း မေမေတို့နှစ်ယောက်လုံးရဲ့ တာဝန်ဝတ္တရားတွေနဲ့ အနုပညာရှင်ရဲ့ တာဝန်ဝတ္တရားတွေကို အကျေပွန်ခဲ့ဆုံး ဖြစ်ခဲ့လို့ Honey Lee နဲ့ Son Ye Jin တို့ကတော့ ၂၀၂၂ ခုနှစ်ရဲ့ အလုပ်အကြိုးစားဆုံး မင်းသမီးတွေ ဖြစ်ခဲ့ကြပါတယ်နော်။