“Kinnporsche” ထဲက သက်တော်စောင့်လေး Arm ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ” 

“Kinnporsche” ထဲက သက်တော်စောင့်လေး Arm ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ”

“Kinnporsche The Series” ကတော့  BL ချစ်သူတို့ရဲ့ အားပေးနှစ်သက်မှုတွေနဲ့အတူ အာရုံစိုက်မှုများစွာ ရရှိခဲ့တဲ့ နာမည်ကျော် ဇာတ်လမ်းတွဲတစ်ခုပါ။

အဲ့ဒီထဲက သက်တော်စောင့်လေး Arm အဖြစ် သရုပ်ဆောင်ထားခဲ့တဲ့ မင်းသားချော Bas Asavapatr Ponpiboon ကလည်း ပရိသတ်တွေကို သူ့ရဲ့ချောမော ဆွဲဆောင်မှုတွေနဲ့အတူ အထူးသတိထားမိစေခဲ့ပါတယ်။

Bas ဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားချောတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကိုလည်း လူအများက အမြဲတမ်း ချီးကျူးခဲ့ကြပါတယ်။

Kinnporsche The Series မှာလည်း  သက်တော်စောင့် Arm ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ သဘာဝအကျဆုံး ပုံဖော်ထားနိုင်ခဲ့သလို ပရိသတ်တွေကိုလည်း သူ့ရဲ့ချောမောမှုတွေနဲ့ ဖမ်းစားထားခဲ့သေးတာပါ။

Bas ဟာ ချောမောပြီး အနုပညာစွမ်းရည်တွေ ထူးချွန်ရုံသာမကဘဲ သူ့ရဲ့တစ်ကိုယ်တာဘဝကို ကြည့်မယ်ဆိုရင်လည်း ပညာရေးဘက်မှာ ထူးထူးခြားခြား ပြောက်မြောက်နေခဲ့တာကို ထပ်မံတွေ့ရှိရပါတယ်။

မင်းသားချောက မကြာသေးမီကပဲ နာမည်ကျော် Suan Sunandha တက္ကသိုလ်မှ ဂီတ မဟာဝိဇ္ဇာဘွဲ့ကို ရရှိလို့သွားခဲ့ပြီး Bas အား လာရောက်ဂုဏ်ပြုခဲ့ကြတဲ့ ပရိသတ်အုပ်ကြီးကိုလည်း တစ်စုတဝေး တွေ့ရှိခဲ့ကြရပါတယ်။

ဒါကြောင့် ပရိသတ်အချစ်တော်လေး Arm ကတော့ အဆင်းရော၊ အချင်းမှာ ပြီးပြည့်စုံနေသူလေးလို့ ဆိုရမှာဖြစ်ပြီး မကြာမီအချိန်အတွင်းမှာလည်း ဒီထက့်မကတဲ့ အောင်မြင်မှုတွေနဲ့အတူ ဆက်လက်ကျော်ကြားလာနိုင်ပါစေလို့လည်း တောင်းဆုပြုလိုက်ရပါတယ်ကွယ်။

Leave a Reply

Your email address will not be published.