အိမ်နေရင်းပုံစံနဲ့ လမ်းပေါ်ကိုထွက်ပေါ်လာခဲ့တဲ့ G-Dragon

အိမ်နေရင်းပုံစံနဲ့ လမ်းပေါ်ကိုထွက်ပေါ်လာခဲ့တဲ့ G-Dragon

G-Dragon ကတော့ K-Pop မှာ အမှတ်ရစရာ သမိုင်းကြောင်းများစွာကို ဖန်တီးထားခဲ့တဲ့ BIGBANG အဖွဲ့ဝင် K-Pop king တစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် အစ်ကိုနဂါးရဲ့ လွှမ်းမိုးမှုတွေဟာ အမျိုးသမီးထုကြီးရဲ့ အသည်းနှလုံးကိုသာမကပဲ ယောက်ျားလေး ပရိသတ်တို့ကိုလည်း ဖမ်းစားထားနိုင်ခဲ့တာပါ။

ဒီလိုမျိုး ကျော်ဇောမှုတွေရှိသည့်တိုင်အောင် G-Dragon ဟာ သူ့ရဲ့နေထိုင်မှုနဲ့ ပတ်သက်လာရင် သိပ်ပြီး အများကို ဂရုစိုက်လေ့ပုံမရှိကြောင်းကို သိပ်မကြာခင်ကပဲ ပေါ့ပေါ့ပါးပါး ၀တ်စားထားတဲ့ အိမ်နေရင်းစတိုင်နဲ့ လမ်းပေါ်ကို ထွက်လာခဲ့ပြီး ပြသသွားခဲ့ပါတယ်။

G-Dragon ဟာ တစ်ခါတရံမှာ အခုလို mortorbike လေးနဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ၊ လမ်းတွေပေါ်မှာ သူနှစ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်တာကို တွေ့ရတဲ့အတွက် ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းနေတာကို သဘောကျကြောင်း ပရိသတ်တွေကလည်း သတိထားမိခဲ့တာ ကြာပါပြီ။

မကြာသေးမီကလည်း ဆိုးလ်က နာမည်ကြီးဖက်ရှင်ရှိုးတစ်ခုမှာ G-Dragon ကို တွေရှိခဲ့ရသလို နာမည်ကြီးတွေ ပြည့်နှက်နေပေမယ့် G-Dragon ကတော့ သူ့ရဲ့ ထင်ရှားပေါ်လွင်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ အသွင်အပြင်နဲ့ ဖြစ်တည်မှုတို့ကြောင့် အာရုံစိုက်မှု အခံရဆုံးဖြစ်ခဲ့ပြန်တာပါ။

ဖက်ရှင်ရှိုးပွဲအပြီးမှာပဲ G-Dragon သည် ပေါ့ပေါ့ပါးပါး အ၀တ်အစားများ၊ ဂျင်းဘောင်းဘီရှည်နဲ့ အနက်ရောင် တီရှပ်တို့ကို ဝတ်ဆင်ထားရင်း လမ်းပေါ်မှာ ချစ်စရာ မော်တော်ဆိုင်ကယ်လေးကို စီးနင်းပြီး ထွက်သွားခဲ့တာကို သတင်းထောက်တွေကလည်း အမိအရ ဓာတ်ဖမ်းထားနိုင်ခဲ့ပါတယ်။

ပရိသတ်တွေကလည်း G-Dragon လို ကမ္ဘာ့အဆင့် သြဇာအာဏာ ကြီးမားလွန်းသူအဖို့ ဒီလို ရိုးရှင်းတဲ့ဘဝကို အေးအေးဆေးဆေးပဲ နေထိုင်ဖြတ်သန်းနေခဲ့တာမျိုးကို ပရိသတ်တွေက မမျှော်လင့်ထားခဲ့တာကြောင့် တကယ်ကို အံ့အားသင့်သွားခဲ့ကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *