လွန်ခဲ့တဲ့ ၁၂ နှစ်တာကလက ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို ခံယူထားရတဲ့ Song Hye Kyo

လွန်ခဲ့တဲ့ ၁၂ နှစ်တာကလက ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို ခံယူထားရတဲ့ Song Hye Kyo

ဖျော်ဖြေရေးလောကထဲမှာ နှစ် ၂၀ လောက် ကျင်လည်နေခဲ့တဲ့ မင်းသမီး Song Hye Kyo ကတော့ ယနေ့ချိန်ထိတိုင် ရုပ်ရှင်လောကမှာ သူမရဲ့ အလှတရားနဲ့ ခိုင်မာတဲ့ အနုပညာလုပ်ရပ်တွေကို ယနေ့ချိန်ထိတိုင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တဲ့ ထိပ်တန်း မင်းသမီးတစ်လက်ပါ။

မင်းသမီး Song Hye Kyo ဟာ သူမရဲ့ သဘာဝအတိုင်း လှပပြီး နူးညံ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ကိုရီးယားရဲ့ စံနှုန်း အလှတရားတွေအတွက်တော့ လိုက်လျောညီထွေ ရှိနေခဲ့တယ်လို့ ဆိုရပါမယ်။

ဒီလို အခြေအနေတွေကြောင့်လည်း Lord of the Sun မှာ ထိပ်တန်း မိန်းမလှတစ်ဦးအဖြစ် ဖက်ရှင်မျက်နှာဖုံးမှာ ရပ်တည်နေတဲ့ အမျိုးသမီးကြယ်ပွင့်အဖြစ် မင်းသမီး Song Hye Kyo ဟာ နိုင်ငံတစ်ဝှမ်းရှိ အလှကုန် တံဆိပ်ကြီးများစွာကိုလည်း ကိုယ်စားပြုနေပါတယ်။

မကြာသေးမီကတော့ ဆိုရှယ်မီဒီယာအသုံးပြုသူများဟာ သူမရဲ့ ၂၀၁၀ ခုနှစ်ထွက် Harper’s Bazaar မဂ္ဂဇင်းအတွက် ဓါတ်ပုံများကို ရှာဖွေတွေ့ခဲ့ကြပြီး ပြန်လည်မျှဝေထားခဲ့ရာမှာ Song Hye Kyo ရဲ့ နုပျိုတဲ့ အလှဟာ ပရိသတ်တွေကြားမှာ တစ်ဖန်ရေပန်းစားလာခဲ့ပြန်ပါတယ်။

ပျံ့နှံ့လားခဲ့တဲ့ မင်းသမီးရဲ့ အမိုက်စားဓာတ်ပုံလေးတွေဟာ တကယ်ကို လှပပြီး အံသြစရာကောင်းတဲ့ အသွင်အပြင်အဖြစ်နဲ့ မင်းသမီး Song Hye Kyo ရဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က သူမရဲ့ အလှဟာ ခေါင်းကနေ ခြေဖျားအထိ လှပလွန်းနေခဲ့တာကို မြင်တွေ့ခဲ့ကြရတာပါ။

ဒါ့အပြင် မိတ်ကပ်မပါပဲနဲ့ Photoshop ပရိုဂရမ်ကို အသုံးမပြုထားခဲ့တဲ့ ဓာတ်ပုံများမှာကိုပင် မင်းသမီးချော Song Hye Kyo အတွက် ထူးထူးခြားခြား လှပနေတာကို မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေကတော့ Song Hye Kyo ကို ချီးမွမ်းခန်းတွေ ဖွင့်နေခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *