လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကအတိုင်း မပြောင်းမလဲရှိနေဆဲဖြစ်တဲ့ Yoona ရဲ့ အလှတရား

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကအတိုင်း မပြောင်းမလဲရှိနေဆဲဖြစ်တဲ့ Yoona ရဲ့ အလှတရား

ပရိတ်သတ်တွေ သိထားပြီးဖြစ်တဲ့အတိုင်း Yoona ဟာ တောင်ကိုရီးယားမှာ ရေပန်းအစားဆုံး မိန်းကလေးအဖွဲ့တွေထဲက အဖွဲ့ဝင်တစ်ဦးဖြစ်သလို ဖျော်ဖြေရေးလောကရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

Yoona ရဲ့ သရုပ်ဆောင်ဘဝကို ပြတ်ကြည့်မယ်ဆိုရင်တော့ “You Are My Destiny” မှာ သူမရဲ့ အရည်အချင်းတွေကြောင့် အသိအမှတ်ပြုမှုများစွာ ခံယူခဲ့ရသူလေးပါပဲ။

၂၀၂၂ မှာ အသက် ၃၂ နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အချိန်က visual အတိုင်းပဲ ယနေ့ချိန်ထိတိုင် သူမရဲ့ အလှတရားက မပျောက်ပျက်သွားဘဲ လှပနုပျိုပြီး ဆွဲဆောင်မှု ရှိနေဆဲပါ။

တကယ်တော့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ Yoona ရဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ဆွေးနွေးခဲ့ပါတယ်။

၂၀၀၉ နဲ့ ၂၀၂၂ နဲ့ ယှဉ်ရင် လွန်ခဲ့တဲ့ ၁၃ နှစ်၊ ဆယ်စုနှစ်တစ်ခုကျော်ကအတိုင်း ဘာမှမပြောင်းလဲခဲ့တဲ့ သူမရဲ့အလှကို ပရိသတ်တွေက ချီးမွမ်းခန်းဖွင့်နေခဲ့ကြတာပါ။

Yoona ဟာ ၂၀၀၂ ခုနှစ်မှာ “SM Saturday Open Casting Audition” ကတစ်ဆင့် ရွေးချယ်ခံခဲ့ရပြီး အေဂျင်စီသို့ ဝင်ရောက်ခဲ့ရင်း trainee တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Yoona ဟာ Idol တစ်ယောက်အဖြစ်နဲ့ SM ရဲ့ တရားဝင် ပွဲဦးထွက်ခြင်းမခံရမီ ငါးနှစ်ကြာ trainee ဘဝကို ဖြတ်သန်းခဲ့ရာမှာ ပွဲဦးထွက် teaser ဓာတ်ပုံလေးမှာပဲ သူမရဲ့ ပန်းကလေးတစ်ပွင့်လို visual ကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.