Junho နဲ့ drama အတွက် ကိုယ်အလေးချိန်တိုးလာအောင် မနည်းကြိုးစားခဲ့ရတယ်ဆိုတဲ့ Yoona

စက်တင်ဘာလ ၆ ရက်နေ့က အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ “Confidential Assignment 2: International” အင်တာဗျူးအတွင်း Yoona ဟာ သူမအနေနဲ့ ၁၀ ကီလိုဂရမ်တက်လာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ကို  ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒီကောလဟာလတွေက ဘယ်ကလာမှန်းတော့ မသိပါဘူး” လို့ သူမက ဆိုခဲ့ပြီး “ဇာတ်လမ်းတွဲသစ်အတွက် ကိုယ်အလေးချိန်တက်အောင် ကြိုးစားခဲ့ရတာမှန်ပေမယ့် ၁၀ ကီလိုထိတော့ မတက်ချင်ပါဘူး” လို့ ဖြေကြားလို့လာခဲ့ပါတယ်။

“King The Land” ဇာတ်လမ်း ရိုက်ကူးဖို့အတွက်တော့ ကိုယ်အလေးချိန် နည်းနည်းတက်လာအောင် ကြိုးစားခဲ့ရပါတယ်” လို့ Yoona က အသိပေးလာခဲ့တာပါ။

Girls’ Generation အဖွဲ့ဝင်က “လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး အစာများများစားခြင်းအားဖြင့် ကိုယ်အလေးချိန်တိုးဖို့ ကြိုးစားနေခဲ့ရတာ အခုမှ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာခဲ့ပါတယ်။ ဒါပါပဲ၊ ၁၀ ကီလိုထိတော့ တင်သွားဖို့ အစီအစဥ်မရှိပါဘူး” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

“King The Land” ဟာ ၂၀၂၃ ခုနှစ်မှာ ထုတ်လွှင့်ပြသလာမယ့် JTBC ရဲ့ အချစ်-ဟာသ ဇာတ်လမ်းတွဲသစ်ဖြစ်ပြီး Yoona နဲ့အတူ နာမည်ကျော် 2 PM အဖွဲ့ဝင် Junho တို့က အဓိက တွဲဖက်သရုပ်ဆောင်သွားရမှာဖြစ်တာကြောင့် ပရိသတ်တွေရဲ့ မျှော်လင့်တကြီး စောင့်ဆိုင်းမှုတွေကိုလည်း ခံယူထားခဲ့ရပါတယ်။

Leave a Reply

Your email address will not be published.