“Penthouse” နဲ့အတူ ကျော်ကြားလာခဲ့တဲ့ မင်းသမီးချောလေးကို ဇာတ်ဆောင်မင်းသမီးအဖြစ် မြင်တွေ့သွားရတော့မည်ဖြစ်

“Penthouse” နဲ့အတူ ကျော်ကြားလာခဲ့တဲ့ မင်းသမီးချောလေးကို ဇာတ်ဆောင်မင်းသမီးအဖြစ် မြင်တွေ့သွားရတော့မည်ဖြစ်

နိုင်ငံတကာထက်မှာ ကျော်ကြားခဲ့တဲ့ “Penthouse” ဇာတ်လမ်းမှာ စိတ်အားထက်သန်စွာ သရုပ်ဆောင်နိုင်ခဲ့မှုကြောင့် တစ်နှစ်တာအကောင်းဆုံး “Rookie of the Year” မင်းသမီးဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးချောလေး Han Ji Hyun ကတော့ နောက်ဆုံးမှာတော့ သူမအတွက် ထိုက်တန်မှုရှိတဲ့ ထိပ်တန်းဇာတ်ဆောင်နေရာမျိုးကို ရရှိခဲ့ပါပြီ။

နာမည်ကြီး K-drama “ Penthouse ” မှာတော့ မင်းသမီးလေး Han Ji Hyun က Joo Dan Tae (Uhm Ki Joon) နဲ့ Shim Soo Ryeon (Lee Ji Ah) တို့ရဲ့သမီးငယ်လေး Joo Seok Kyung အဖြစ် မောက်မာဆိုးသွမ်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ထားနိုင်ခဲ့တာပါ။

သူမရဲ့ စိတ်အားထက်သန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပုံရိပ်ယောင်တွေက ပရိသတ်ထုရဲ့ အာရုံစိုက်မှုတွေကို လျင်မြန်စွာရရှိခဲ့ပြီး အခုအချိန်မှာတော့ Han Ji Hyun ဟာ လာမယ့်ဇာတ်လမ်းတွဲအတွက် အမျိုးသမီးဇာတ်ဆောင်အဖြစ် ကြေငြာခံထားခဲ့ရပါပြီ။

အထူးသဖြင့် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ SBS ရဲ့ rom-com drama သစ် “Cheer Up” ထုတ်လုပ်ရေးအဖွဲ့ဟာ သူတို့ဇာတ်လမ်းရဘ့ ပထမဆုံး Han Ji Hyun ရဲ့ ရုပ်ပုံများကို ထုတ်ဝေခဲ့ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို မြင့်တက်လာစေခဲ့ပါတယ်။

“Cheer Up” ဇာတ်လမ်းတွဲကို အောက်တိုဘာလ (၃) ရက်နေ့မှာ စတင်၍ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး စိတ်အမောပြေစေမယ့် K-Drama လေးတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေကလည်း အာရုံစိုက်နေကြပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ Han Ji Hyun ဟာ “Penthouse” မှာ Joo Seok Kyung အဖြစ် သူမရဲ့ ဆိုးသွမ်းတဲ့ ပုံရိပ်ကို ဖယ်ရှားပြီး စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ Cheerleading အဖွဲ့ဝင်အသစ် Do Hae Yi အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ခက်ခဲတဲ့ အခြေအနေများဖြင့် ဆင်းရဲသော မိသားစုမှာ ကြီးပြင်းလာခဲ့သူ ဒိုဟေရီဟာ သူမရဲ့ ဘဝရွေးချယ်မှုနဲ့  အာရုံစူးစိုက်မှုတိုင်းမှာ ပိုက်ဆံကို အလွန်အမင်း အာရုံစိုက်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။

တစ်ချိန်တည်းမှာပဲ Han Ji Hyun ရဲ့ တွဲဖက်မင်းသားဟာ ဝဘ်ဒရမ်မာများစွာမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မင်းသားချော Bae In Hyuk ဖြစ်တယ်လို့ သိရသလို Kim Hyun Jin, Jang Gyu Ri, Lee Eun Sam နဲ့ Yang Dong Geun တို့ပါကလည်း အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.