အသက် ၄၁ နှစ်အရွယ်မှာမှ Instagram ကို စတင်အသုံးပြုလာတဲ့ မင်းသမီးချော Han Ga In

မင်းသမီး Han Ga In ဟာ အသက် ၄၁ နှစ်အရောက်မှာမှ သူမရဲ့ လူမှုကွန်ရက် လှုပ်ရှားမှုတွေကို စတင်လာခဲ့ပြီးနောက် သူမရဲ့ခင်ပွန်း Yeon Jung Hoon နဲ့လည်း ချက်ချင်းဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် follow ခဲ့ကြတာကို ပရိသတ်တွေက မြင်တွေ့ခဲ့ရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့မှာပဲ မင်းသမီးချော Han Ga In ဟာ သူမရဲ့ တရားဝင် Instagram အကောင့်ကို ဖန်တီးခဲ့ပြီး “Peek-a-boo” ဆိုတဲ့ စာတန်းနဲ့အတူ ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့တာပါ။
တင်ထားတဲ့ ဓာတ်ပုံထဲမှာ Han Ga In ဟာ စောင့်ဆိုင်းခန်းထဲမှာ ထိုင်ပြီး selfie ရိုက်နေပုံရပါတယ်။ ယခုအချိန်မှာတော့ အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ နာမည်ကျော် မင်းသမီးဟာ ဇိမ်ခံအမှတ်တံဆိပ် Chanel မှ အနက်ရောင် ဂျာကင်အင်္ကျီကို ၀တ်ဆင်ထားစဉ် သူမရဲ့ ရှည်လျားနက်မှောင်တဲ့ ပိုးသားဆံပင်ရှည်ကို ပြောင်မြောက်စွာ ပေါ်လွင်စေခဲ့တာကို တွေ့ရမှာပါ။
ဒါဟာလည်း မင်းသမီး Han Ga In အတွက်တော့ ကိုယ်ပိုင် SNS အကောင့်ဖွင့်ပြီး ပရိုဖိုင်ကနေတစ်ဆင့် ပရိသတ်တွေနဲ့ ဆက်သွယ်ပြောဆိုခဲ့တာဟာ သူမရဲ့ ပွဲဦးထွက်ပြီးကတည်းက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အနာဂတ်မှာလည်း ပရိသတ်တွေက Han Ga In ရဲ့ နေ့စဉ်ဘဝကို SNS မှတဆင့်မျှဝေကာ သူတို့နဲ့ အပြန်အလှန် ဆက်လက်ဆက်သွယ်သွားဖို့ မျှော်လင့်နေကြပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ Han Ga In ဟာ မင်းသား Yeon Jeong Hoon နဲ့ လက်ထပ်ထားပြီး သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။