Drama သစ်က ဇာတ်ရုပ်ကို သရုပ်ဖော်နိုင်ဖို့ တစ်နေ့လုံးလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ Park Min Young

Drama သစ်က ဇာတ်ရုပ်ကို သရုပ်ဖော်နိုင်ဖို့ တစ်နေ့လုံးလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ Park Min Young

“Rom-Com ဘုရင်မ” Park Min-young ကတော့ “Love in Contract” ဒရာမာအသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။

Park Min Young ဦးဆောင်ထားတဲ့ tvN ရဲ့ “Love in Contract” ဟာ  စက်တင်ဘာ ၂၁ ရက်နေ့မှစပြီး အပါတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပြသွားမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့“single life helper” တစ်ယောက်ရဲ့ ပုံမှန်မဟုတ်သော ဘဝဖြတ်သန်ပုံဖြစ်တဲ့ စုံတွဲများစုဝေးပွဲများ၊ ပြန်လည်ဆုံဆည်းပွဲများကဲ့သို့သော ပွဲများကို တက်ရောက်ရန် အဖော်လိုအပ်နေသူများရဲ့ အိမ်ထောင်ဖက်အဖြစ် ဟန်ဆောင်ပေးရတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

Park Min Young ဟာ ဒီဇာတ်လမ်းတွဲမှာ ရုပ်ရည်၊ အရည်အချင်းနဲ့ အဖက်အဖက်က ပြီးပြည့်စုံတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လုပ်သက် ၁၃ နှစ်ကြာ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ တစ်ကိုယ်ရေအကူအညီပေးသူ Choi Sang Eun အဖြစ် သရုပ်ဆောင်ထားပါတယ်။

မင်းသမီးဟာ အနုပညာ၊ ဂီတနဲ့ အားကစားတို့ကို  ကျွမ်းကျင်ပြီး ဘာသာစကား ၅ မျိုး အထိ ပြောဆိုနိုင်တဲ့ အဖက်ဖက်က အရည်အချင်းပြည့်မီနေသူ ဇာတ်ကောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူမအနေနဲ့ ဇာတ်ရုပ်ကို သဘာဝအကျဆုံးနဲ့ အကောင်းဆုံး ပုံဖော်နိုင်အောင် ရိုက်ကူးရေး မပြုမီကာလတွေမှာ ဂီတအတန်းနဲ့ အားကစားသင်တန်းတချို့ တက်ရောက်ခဲ့ရသလို ဘာသာစကားတွေကိုလည်း သီးသန့်ဆရာခေါ်ကာ သင်ယူထားခဲ့ရင်း အများကြီးကြိုးစားထားခဲ့ရတယ်လို့ ဆိုလာခဲ့ပါတယ်။

ဒီလိုမျိုး Park Min Young ရဲ့ ကြိုးစားအားထုတ်ထားမှုတွေကြောင့် “Love in Contract” ဟာ မင်းသမီးချစ်သူ ပရိသတ်တို့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ K-Drama လေးတစ်ခုဖြစ်လာတော့မှာ အသေအချာပါပဲနော်။

Leave a Reply

Your email address will not be published.