ဇနီးဝတ္တရား ကျေပွန်လွန်းနေတဲ့ Son Ye Jin ကြောင့် အိမ်ထောင်ကျကံကောင်းခဲ့တဲ့ Hyun Bin

ထိပ်တန်း မင်းသမီးချော Son Ye Jin ကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်မှာပဲ သူမရဲ့ Instagram account မှနေတစ်ဆင့် ရင်သွေးလေးရဲ့ မိခင်ဖြစ်လာတော့မယ့်အကြောင်း ကြေငြာခဲ့ရာမှာ အခုဆိုရင် ကိုယ်ဝန်သက်တမ်း ၄ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ မင်းသမီး Son Ye Jin ကတော့ ကိုယ်ဝန်လွယ်ထားရပေမဲ့ အနုပညာအလုပ်တွေမှာလည်း လစ်ဟင်းစေခဲ့တာမျိုး မရှိသလို အိမ်ထောင်သည်ဘဝမှာလည်း ဇနီးကောင်းတစ်ယောက်အနေနဲ့ပါ ခင်ပွန်း Hyun Bin အပေါ် ကျေပွန်လွန်းနေခဲ့တာကို တွေ့ရမှာပါ။
သားဦးလေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မွေးဖွားဖို့အတွက် မျှော်လင့်ထားတဲ့ Son Ye Jin ဟာ လတ်တလောမှာလည်း ပရိသတ်တွေတော်တော်များများကို သူတို့ရဲ့ အိမ်ထောင်ရေးဘဝနဲ့ပတ်သက်ပြီး အားကျမှုတွေ သရဖူဆောင်းစေခဲ့ပြန်ပါတယ်။
Hyun Bin နဲ့ Son Ye Jin တို့ဟာ သူတို့ရဲ့ မိဘတစ်ယောက်ဖြစ်လာမယ့် အချိန်အတွက် အကောင်းဆုံး ပြင်ဆင်နေခဲ့ချိန်မှာ ဇနီးဖြစ်သူကလည်း မကြာခဏဆိုသလို သူမရဲ့ဟင်းချက်လက်ရာတွေကို ထုတ်ကြွားထားခဲ့ပြီး Hyun Bin ကြိုက်တတ်တဲ့ ဟင်းကောင်းတွေကိုလည်း မကြာခဏ ချက်ကျွေးနေ့လေ့ရှိတာပါ။
မင်းသမီးချောရဲ့ ဟင်းချက်ဝါသနာပါမှုနဲ့ Hyun Bin အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း ဆိုရှယ်မီဒီယာလေးကနေတောင် ပရိသတ်တွေက သိရှိနေခဲ့ကြရပြီး သူတို့အချစ်တော် မင်းသား Hyun Bin ကတော့ မိန်းမရ ကံကောင်းပြီး ပြီးပြည့်စုံတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ခဲ့ပြီလို့ မှတ်ချက်ပြုနေခဲ့ကြပါတော့တယ်။