ပြင်သစ်မှာ Dua Lipa နဲ့အတူ အချိန်ကုန်ဆုံးခဲ့ကြတဲ့ Felix နဲ့ Hyunjin

Stray Kids အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Hyunjin နဲ့ Felix တို့ဟာ မကြာသေးမီက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကမ္ဘာကျော် အဆိုတော် Dua Lipa နဲ့ တွေ့ဆုံခဲ့ပြီး လှပတဲ့ သုံးယောက်သား တွဲဖက်ဓာတ်ပုံလေးတစ်ပုံကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဒီရက်သတ္တပတ် အစောပိုင်းမှာ ပြင်သစ် ဇိမ်ခံ အမှတ်တံဆိပ် Yves Saint Laurent ဟာ သူတို့ရဲ့ အလှကုန် YSL Beauty အတွက် Libre Le Parfum မိတ်ဆက်ပွဲကို ပဲရစ်မြို့မှာ ကျင်းပခဲ့တာပါ။

ဒီပွဲကို ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ Dua Lipa, Stray Kids အဖွဲ့ဝင် Hyunjin နဲ့ Felix, EXO အဖွဲ့ဝင် Kai အပါအဝင် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များစွာက တက်ရောက်ခဲ့ကြပါတယ်။

Dua Lipa နဲ့ Stray Kids အဖွဲ့ဝင်တွေဟာ ပဲရစ်မြို့မှ ဓာတ်ပုံအများအပြားကို သီးခြားစီ တင်ခဲ့ကြသော်လည်း YSL မှ အနုပညာရှင်သုံးဦးစလုံးရဲ့ ရင်သပ်ရှုမောဖွယ် အလှဓာတ်ပုံလေးကို မျှဝေလိုက်တဲ့အချိန်မှာတော့ ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့ကြပါတော့တယ်။

ဒါ့အပြင် Dua Lipa ကလည်း သူမနဲ့ Stray Kids အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံကို သူမရဲ့ Instagram story လေးမှာ ပြန်လည်မျှဝေပေးသွားခဲ့ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *