အလုပ်တွေများနေတဲ့ကြားမှ မဟာဘွဲ့အတွက် အားထုတ်ကြိုးပမ်းနေတဲ့ Park Bo Gum
အလုပ်တွေများနေတဲ့ကြားမှ မဟာဘွဲ့အတွက် အားထုတ်ကြိုးပမ်းနေတဲ့ Park Bo Gum
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှာပဲ နိုင်ငံတော်က ပေးအပ်တဲ့ စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးစီးခဲ့တဲ့ မင်းသားချော Park Bo Gum က ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ရဲ့နေ့စဥ်ဘဝ ဖြတ်သန်းပုံတို့ကိုလည်း ပရိသတ်တွေက လေ့လာကြည့်ရှုနေခဲ့ကြပါတယ်။
ဒီလိုမျိုး ပြန်အလာပြီးမှာတော့ မင်းသားချောဟာ အနားယူချိန်တောင် သိပ်မယူခဲ့ဘဲ အနုပညာအလုပ်တွေရော၊ ပရဟိတအလုပ်တွေရော တစိုက်မတ်မိတ် လုပ်ကိုင်နေခဲ့သူလည်း ဖြစ်ပါတယ်။
အခုလည်း Bo Gum တစ်ယောက်ဟာ အလုပ်များလွန်းပြီး အပန်းဖြေဖို့ အချိန်ရှာရန်ကို ခက်ခဲနေတဲ့ ဘဝကို ပိုင်ဆိုင်ထားသည့်တိုင်အောင် New Media Music ရှိ Sangmyung တက္ကသိုလ်မှာ မဟာဘွဲ့အတွက် ပညာသင်ကြားနေကြောင်း မကြာသေးမီက ပြည်တွင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြလာခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်က ဆိုးလ်မြို့ရှိ Sangmyung တက္ကသိုလ်မှ Park Bogum ရဲ့ အတန်းလာတတ်တဲ့ ဓာတ်ပုံတွေဟာ ဆိုးလ်မီဒီယာမှတစ်ဆင့် ပျံ့နှံ့လာခဲ့ပြီး ရှပ်အင်္ကျီ ဖြူနက်ကြားနဲ့ ဘောင်းဘီရှည် အမည်းကို ၀တ်ဆင်ထားခဲ့သလို အခြားကျောင်းသားများလို ကျောပိုးအိတ်တစ်လုံးနဲ့ တွေ့ရှိခဲ့ရပါတယ်။
မင်းသားဟာ အလုပ်များနေပေမယ့်လည်း ကျောင်းသားတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေရင်း အသိပညာကို လေ့လာဆည်းပူးဖို့က ဘယ်အရွယ်မှာပဲဖြစ်ဖြစ် တကယ့်ကို အရေးကြီးတယ်ဆိုတာကို ပရိသတ်တွေကို ချပြခဲ့တာကလည်း ချီးကျူးစရာပါပဲ။
Park Bo Gum ဟာ Myongji တက္ကသိုလ်မှ bachelor ဘွဲ့ကို ရရှိထားသူဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသလို ဗဟုသုတလည်း ကြွယ်ဝမြင့်မားတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားသူ ပြည့်သူ့အချစ်တော်လေး တစ်ယောက်ပါ။